
၁။ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် ၁၂-၂-၂၀၂၂ ရက်နေ့တွင် အောက်ဖော်ပြပါလမ်းများအား နံနက် ၀၄:၀၀ အချိန်မှစ၍ အခမ်းအနားပြီးဆုံးချိန်အထိ ခေတ္တ လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) ပြည်လမ်းအား ပြည်ထောင်စုရိပ်သာလမ်းဆုံမှ မဟာမြိုင်လမ်းဆုံအထိ လည်းကောင်း၊၊
(ခ) ဦးဝိစာရလမ်းအား ဦးဝိစာရအပိုင်းမှ ဓမ္မစေတီလမ်းဆုံအထိ လည်းကောင်း။
(ဂ) အလုံလမ်းအား ဗဟိုလမ်းနှင့်ဆုံရာမှ ဦးဝိစာရအဝိုင်းအထိ လည်းကောင်း။
(ဃ) ရှင်စောပုလမ်းအား ဗဟိုလမ်းနှင့်ဆုံရာမှ ဗားကရာလမ်းဆုံအထိ လည်းကောင်း။
၂။ သို့ဖြစ်ပါ၍ အခမ်းအနားကျင်းပစဉ်အချိန်အတွင်း လမ်းပိတ်/လမ်းလွှဲမှ ရှောင်လွှဲမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်၊၊
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ