
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ် များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီး ဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ အမိတာရာမရဲ ကျောင်းတိုက်သို့လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမ ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဘုရားကြီးကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံကျောင်းတိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ မြောင်းမြ ကျောင်း ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာန များမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်