
နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၈၉) နှင့် စာရေးဝန်ထမ်း အခြေခံ သင်တန်း အမှတ်စဉ် (၉၉)တို့၏ သင်တန်းဆင်းစစ်ရေးပြ အခမ်း အနားကို ယနေ့ မွန်းလွဲ ၃ နာရီ တွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ဗဟို ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဒေါ်ခင်စမ်းယု၊ ဒုတိယပါမောက္ခချုပ် (သင်ကြား ရေး) ဒေါက်တာ ခင်မာမျိုး၊ ဌာန ကြီးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ တက္ကသိုလ် သင်ကြားစီမံဌာန များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ပါမောက္ခ ချုပ် ဦးကျော်စိုးက နိုင်ငံ့၀န်ထမ်း များသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် များကို ကောင်းမွန်စွာ အကောင် အထည်ဖော်ကြရမည့် အဓိက အစိတ်အပိုင်းဖြစ်ပြီး အစိုးရကို တာဝန်ခံကာ ပြည်သူကို ဗဟိုပြု လျက် ပြည်သူ့အကျိုးစီးပွားကို ဦးတည် ဆောင်ရွက်ကြရမည့် သူများဖြစ်ပါကြောင်း။ ပြည်သူ့ ဝန်ထမ်းများ၊ အစိုးရဌာနများ အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ် ရေးယန္တရားကို အသွင်ကူးပြောင်း ရေးကာလနှင့် လိုက်လျောညီထွေ ရှိပြီး ဒီမိုကရေစီသဘောတရား များနှင့် ကိုက်ညီသည့် ကောင်းမွန် သော အုပ်ချုပ်ရေးယန္တရားအဖြစ် ပြုပြင်ပြောင်းလဲ လုပ်ဆောင် ရာတွင် လုပ်ရည်၊ ကိုင်ရည်နှင့် စွမ်းရည်တို့ကို မြှင့်တင်ကာ ပြည်သူများ၏ လက်ငင်းအကျိုး စီးပွားကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ အစွမ်းကုန်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ခံယူထိုက်သူ များဖြစ်အောင် ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို သင်တန်း ထူးချွန်ဆုများ ချီးမြှင့်ပြီး သင်တန်း ဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
အဆိုပါ အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၈၉)တွင် သင်တန်းသား ၉၂ ဦး၊ သင်တန်းသူ ၁၂၁ ဦး စုစုပေါင်း ၂၁၃ ဦးနှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၉၉)တွင် သင်တန်းသား ၁၃၈ ဦး၊ သင်တန်းသူ ၁၇၉ ဦး စုစုပေါင်း ၃၁၇ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်စီ ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်