မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံပန်ကြားခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   စည်ကား သိုက်မြိုက်စွာကျင်းပမည့် “စိန်ရတု” ပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန် နှင့် တက်‌ရောက်စဉ်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစ၍ သတင်းစာ၌ နေ့စဉ် ထုတ်ပြန်ကြေညာပေးခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်၊၊

 


ထိုနည်းတူ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဘာသာအသီးသီးကို ယုံကြည်ကိုးကွယ်ကြသော ဘာသာဝင် ညီအစ်ကိုမောင်နှမ များတို့သည်လည်း  ပြည်ထောင်စုကြီး  “ထာဝရငြိမ်းချမ်းရေးရရှိစေရန်”  အလွန်မျှော်လင့်စောင့်စား  လျက်ရှိနေကြပါသည်၊၊

 


သို့ဖြစ်ပါ၍   ထာဝရငြိမ်းချမ်းရေးအတွက်  အားထုတ်ကြိုးပမ်းခြင်းကိစ္စများတွင်  သက်ဆိုင်သူ ခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ် ပန်ကြားအပ်ပါသည်၊၊

 


“ငြိမ်းချမ်းစေတတ်သော သူတို့သည် မင်္ဂလာရှိကြ၏ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏ သားတော်များဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့”(ရှင်မဿဲ ၅:၉)

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ