လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


မြန်မာနိုင်ငံသို့  အာဆီယံလူသား ချင်း     စာနာထောက်ထားမှု အကူအညီပေးအပ်ရေး    ညှိနှိုင်း မှုဗဟိုဌာန  (ASEAN Coordi-nating  Centre for   Humanit-arian Assistance on Disaster Management-AHA Centre) မှ တစ်ဆင့် ပေးအပ်သည့် အာဆီယံ ၏ လူသားချင်းစာနာ  ထောက် ထားမှုအကူအညီများ     ဒုတိယ အဆင့်အတွက်   ရှေ့ဆက်ဆောင် ရွက်မည့်         လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက်   လုပ်ငန်း အဖွဲ့ (Task Force) ၏    စတုတ္ထ အကြိမ်    ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန   သံလွင်ခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏          ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကိုကို လှိုင်၊    အဖွဲ့ဝင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ Task Force  အဖွဲ့၏   အတွင်းရေးမှူး များနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။ 

 


အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီစီမံခန့်ခွဲရေးလုပ်ငန်း  အဖွဲ့ ဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က    မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် ပေးအပ် သည့်   အာဆီယံ၏    လူသားချင်း စာနာထောက်ထားမှု    အကူအညီ များ   ပထမအဆင့်    (Phase-1) သည်     မကြာမီအချိန်အတွင်း ပြီးဆုံးတော့မည်    ဖြစ်ကြောင်း၊ ဒုတိယအဆင့်   Phase 2 အတွက် အာဆီယံက       လှူဒါန်းမည့် အကူအညီများ    လက်ခံရယူရာ၌ မူဝါဒချမှတ်နိုင်ရေး၊    ပစ္စည်းများ အား အမှန်တကယ်   လိုအပ်နေသူ များထံသို့ လုံခြုံစွာနှင့် အဆင်ပြေ ချောမွေ့စွာ   ရောက်ရှိရေး၊    မိမိ နိုင်ငံ၏ လိုအပ်ချက်နှင့်  ကိုက်ညီ မည့်ပစ္စည်းများ     လက်ခံရရှိရေး တို့အတွက်      Task   Force  အဖွဲ့ဝင်များ          အားလုံးအနေဖြင့်   ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက် သွားကြရန်    ဆွေးနွေးပြောကြား သည်။ 

 


ဆက်လက်၍   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးနှင့်   အစည်းအဝေးသို့ တက်ရောက်      လာကြသူများက အာဆီယံအတွင်းရေးမှူးချုပ် ရုံး၊ AHA Centre တို့နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေမှု   အခြေ အနေ၊ အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု  အကူအညီ များ   ပထမအဆင့်   အကောင် အထည်ဖော်  ဆောင်ရွက်ပြီးစီးမှု အခြေအ‌နေ၊ ဒုတိယအဆင့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက     ပြင်ဆင်ထားသည့် စီမံချက်နှင့်     အကူအညီများ ဖြန့်ဖြူးရာတွင်    ပူးပေါင်းဆောင် ရွက်မည့် ကိစ္စရပ်တို့နှင့်ပတ်သက် ၍ ဆွေးနွေးခဲ့ကြသည်။ 


သတင်းစဉ်