ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအစာပွဲတော်ကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀ 


ဝန်ကြီးဌာနအတွင်းရှိ     ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့          စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊  တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊  ရိုးရာဝတ်စုံများ၊ ရိုးရာ အစားအစာနှင့် စာပေတို့ကို သိရှိနားလည်ပြီး တစ်ဦး နှင့်တစ်ဦး ပိုမိုရင်းနှီးလာစေရန်နှင့်      ပြည်ထောင်စု စိတ်ဓာတ်မြင့်မားလာစေရန်     ရည်ရွယ်၍ စိန်ရတု ပြည်ထောင်စုနေ့ကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏     စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ  အစားအစာပွဲတော်ကို  ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်    ရုံးအမှတ် (၁) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 


တိုင်းရင်းသားရိုးရာ    အစားအစာပွဲတော်တွင် ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တိုင်းရင်းသား ဝန်ထမ်းများက  ပြခန်းငယ်များဖွင့်လှစ်၍ တိုင်းရင်း သားရိုးရာ   အထိမ်းအမှတ်ပစ္စည်းများ    ခင်းကျင်း ပြင်ဆင်ပြသခြင်း၊   တိုင်းရင်းသားရိုးရာ တေးသီချင်း များ၊ ရိုးရာအကများဖြင့်  ဖျော်ဖြေခြင်း၊ တိုင်းရင်းသား ရိုးရာ  အစားအစာများဖြင့်    တည်ခင်းဧည့်ခံခြင်း စသည့်  အစီအစဉ်များဖြင့်  တပျော်တပါး ပါဝင်ဆင်နွှဲ ခဲ့ကြသည်။  

 


ထိုသို့    ပါဝင်ဆင်နွှဲကြရာတွင်   ပြခန်းအလိုက် ခင်းကျင်းပြသမှု၊  တိုင်းရင်းသားရိုးရာကို  ကိုယ်စား ပြုနိုင်မှု၊ အစားအစာလတ်ဆတ်ကောင်းမွန် သန့်ရှင်း မှု၊ စုပေါင်းဆောင်ရွက်နိုင်မှုကို အခြေခံကာ “တိုင်းရင်း သား  အစားအစာ  အကောင်းဆုံးတည်ခင်း ဧည့်ခံဆု” ကို ချီးမြှင့်ခဲ့ပြီး အဆိုပါပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး/  ပြည်နယ်များမှ    ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်