သိုင်းပညာရပ်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးပါသည့်အပြင် ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်အနေဖြင့် အလေးအနက်ထား လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန်လို

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၀


မြန်မာတို့၏ရိုးရာအမွေအနှစ်ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ် လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန်  ရည်ရွယ်၍ “၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက်  ၉ နာရီတွင် နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌   ကိုဗစ်- ၁၉   ရောဂါ    စည်းမျဉ်းစည်းကမ်းများနှင့်အညီ   ကျင်းပ သည်။

 


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်        မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊    ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်း လုံးဆိုင်၊        ဦးစောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ  ဖြစ်ကြ သည့် ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက် ခိုင်၊         ဒေါက်တာဌေးအောင်နှင့်   ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ   တာဝန်ရှိသူများ၊ ဝန်ထမ်း များ     တက်ရောက်ကြည့်ရှု အားပေးကြသည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ တို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်း    အားကစားနည်းကို စိတ်ပါဝင်စားပြီး  လူငယ်မျိုးဆက် သစ်အားကစားသမားများ    မွေး ထုတ်ပေးနိုင်ရေး၊ လူငယ် လူရွယ် အချင်းချင်း    ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ  ကျန်းမာကြံ့ခိုင် သော   လူငယ်များအဖြစ်   နိုင်ငံ့ ဂုဏ်ဆောင်         မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်း သီး           အားကစားသမားများ ပေါ်ထွက်လာစေရန်   ရည်ရွယ်၍ ယခုပြိုင်ပွဲကို   ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊    မြန်မာ့သိုင်းပညာ ရပ်များ    နိုင်ငံတကာသို့     ပျံ့နှံ့ ရောက်ရှိစေရန်နှင့်  အရှေ့တောင် အာရှနှင့်   ကမ္ဘာ့အားကစားပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့အတွက်   အထောက်အကူ ဖြစ်စေရန်    ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊    မြန်မာ့သိုင်းပညာ ရပ်သည်    တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ကြောင့်   ထိန်းသိမ်းစောင့်ရှောက် သွားကြရန်နှင့်    ခေတ်နှင့်အညီ ပြန့်ပွားတိုးတက်စေရေးအတွက် နိုင်ငံသားတိုင်း၏  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်    သတ်မှတ် ဆောင်ရွက်ရန် လိုကြောင်း၊   သိုင်း ပညာရပ်သည်       နိုင်ငံတော် ကာကွယ်ရေးအတွက်         အရေးပါ သည့်အပြင်            ရိုးရာအမွေအနှစ် ကိုယ်ခံပညာ    တစ်ရပ်အနေဖြင့် အလေးအနက်ထား     လက်ဆင့် ကမ်း  ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊   ထိုပညာရပ်ကို မတိမ်ကော ပပျောက်မသွားစေရန် အတွက်    လူငယ်လူရွယ်တိုင်း၏ စိတ်ထဲ၊ နှလုံးသားထဲတွင်  ခံယူပြီး ဝိုင်းဝန်း  ထိန်းသိမ်းစောင့်ရှောက် သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲ တွင်     ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုမရှိဘဲ  တရားမျှတစွာ ဖြင့်       မှန်မှန်ကန်ကန်ဆုံးဖြတ် ဆောင်ရွက်ပေးရန်နှင့်     ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်   အားကစား သမားများအနေဖြင့်လည်း တစ်ဦး နှင့်တစ်ဦး    ချစ်ခင်ရင်းနှီးစွာဖြင့် ပြောဆိုနေထိုင်၍    မိမိတို့အသင်း အောင်နိုင်ရေးအတွက်   အနိုင်မခံ အရှုံးမပေးဘဲ   ဇွဲ၊      စိတ်ဓာတ် အပြည့်အဝဖြင့်     မိမိတို့၏အစွမ်း အစများကို အစွမ်းကုန်ဖော်ထုတ် ယှဉ်ပြိုင်ကစားကြရန်  တိုက်တွန်း ပြောကြားသည်။

 


ယနေ့ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား      ဝိတ်တန်း အလိုက်   ဗန်ဒိုပြိုင်ပွဲနှင့်   ဓား အတိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး    မြန်မာ့သိုင်းပြိုင်ပွဲ ကို  ဖေဖော်ဝါရီ  ၁၀ ရက်မှ ၁၄ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက်  ကျင်းပသွားမည်ဖြစ် ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ     ပြိုင်ပွဲဝင်အသင်း  ၁၂  သင်း၊   အားကစားသမားအင်အား  ၁၄၅ ဦး          ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်        ဖြစ်ရာ အားကစားကို   စိတ်ပါဝင်စားသည့် မည်သူမဆို   အခမဲ့   လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း   သိရ သည်။         

သတင်းစဉ်