မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရှေးဟောင်းမီးသတ်ယာဉ်များပြတိုက် ဖွင့်လှစ်

 

ရန်ကုန်  ဖေဖော်ဝါရီ   ၁၀


ဖေဖော်ဝါရီ ၁၂   ရက်တွင်   ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်         နိုင်ငံတော် အတွင်း တွေ့ကြုံရင်ဆိုင်ခဲ့ရသော မီးလောင်မှု ကြီးများတွင်     မီးသတ်သမားများနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ကြသော       မီးသတ် သမိုင်းဝင်အမွေအနှစ်ဖြစ်သည့်    မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ရှေး​ဟောင်းမီးသတ်ယာဉ် များပြတိုက် (Myanmar Fire Museum) ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် တံတား​လေးလမ်းဝ (စွယ်တော် ဘုရားအနီး) ရှိ မြန်မာနိုင်ငံ မီးသတ်ဌာနရုံးချုပ် တည်​ရာ   မျက်နှာစာပန်းဥယျာဉ်၌   ယနေ့ နံနက်ပိုင်းက ကျင်းပရာ ပြခန်းကို ပြည်ထဲရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးကိုယ်စား မီးသတ်ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက   စက်ခလုတ်နှိပ်     ဖွင့်လှစ်ပေး သည်။

 


အဆိုပါပြခန်းတွင် ကိုလိုနီခေတ်အဆက် ဆက် မြို့ပြ၊   ကျေးလက်ဒေသ အနှံ့အပြား အသုံးပြုခဲ့သည့်     မီးသတ်ယာဉ်များအနက် သက်တမ်းရှေးအကျဆုံး ကမ္ဘာပေါ်တွင် အေဒီ ၆၄ ခုနှစ် အီတလီနိုင်ငံ ရောမမြို့ မီးလောင်မှု ကြီးမှစ၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့  မီးလောင် မှုကြီး၊    အမေရိကန်နိုင်ငံ    နယူးယောက် မီးလောင်မှုကြီးစသော ကြီးမားသည့် မီးလောင် မှုများကြောင့်   မီးငြှိမ်းသတ်ရေးကိရိယာများ ကို  တီထွင်လာခဲ့ပြီး  မီးသတ်ပန့်များ    ဘီစီ ၃ ရာစုတွင် လည်းကောင်း၊ ၁၈၄၁ ခုနှစ် ပထမ ဆုံး ရေနွေးငွေ့စွမ်းအင်သုံး မီးသတ်စက်များ ကိုလည်းကောင်း၊ ၂၀ ရာစုဦးပိုင်းတွင် မီးသတ် ယာဉ်ကို တီထွင်အသုံးပြုခဲ့ရာ မြန်မာနိုင်ငံသို့ ၁၉၀၉ ခုနှစ်တွင်စတင်ရောက်ရှိလာသည့် Fire King ဟု   တင်စားခေါ်ဝေါ်ရသော    ကမ္ဘာ့​​ ရှေး​ဟောင်းမီးသတ်ယာဉ် အမျိုးအစားများတွင် ပါဝင်သည့် Merryweather (STEAM) နှင့် Merryweather(Petrol) ကဲ့သို့ မီးသတ်ယာဉ် များကိုလည်း ထည့်သွင်းပြသထားရာ   စုစု ပေါင်း ၃၆၆၅ စီးတို့ကို  မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်ရှိ  (Myanmar Fire Museum)ပြတိုက်သို့   စိတ်ပါဝင်စားသူပြည်သူအများ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရ သည်။  

                 
မျိုးမင်းသိန်း(မရမ်းကုန်း)