
နေပြည်တော် ဖေဖော်ဝါရီ ၉
ASEAN Young Cyber Influencer အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက Video Conference စနစ်ဖြင့် ကျင်းပရာ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက် ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သတင်းတု၊ သတင်းမှားများ၊ မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှု (Media and Information Literacy-MIL) အမုန်းစကား စသည့် Online Video Content များကို နိုင်ငံအလိုက် ဖန်တီးထုတ်လုပ်ပြီး ဖလှယ်ပြသခြင်း၊ နိုင်ငံပိုင်ရုပ်သံ များ၊ Websites များ၊ Social Media များပေါ်တွင် ဖော်ပြခြင်း များအပြင် Power Point Presentation များ ပြုလုပ်ကြမည် ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံက တာဝန်ယူကျင်းပ ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ Online ဖြင့် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်