
နေပြည်တော် ဖေဖော်ဝါရီ ၉
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၇)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် (ကြာသပတေးနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသ မင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့် အတူ လူရွှင်တော် များဖြစ်ကြသည့် သိန်းဆု၊ ချစ်ချစ်၊ ဝါဂွမ်းနှင့် ချစ်သူတို့က ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယ အကြိမ် ထပ်မံထုတ်လွှင့်ခြင်းကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် (သောကြာနေ့) မွန်းလွဲပိုင်း ၁ နာရီ ခွဲ National News အင်္ဂလိပ် ဘာသာသတင်း အစီအစဉ်အပြီးတွင် ပြသမည်ဖြစ်သည်။
သတင်းစဉ်