မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကြေညာချက်  ထာဝရငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူလက်နက်ကိုင်အဖွဲ့အစည်းများကို  ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ခေါ်ပန်ကြားခြင်း

 

မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကြေညာချက်
 ထာဝရငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူလက်နက်ကိုင်အဖွဲ့အစည်းများကို 
ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ခေါ်ပန်ကြားခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 


ယခုလို(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကြုံကြိုက်သည့် အခါသမယတွင် သက်ဆိုင်သူ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့အား စည်ကားသိုက်မြိုက်စွာကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့် ထာဝရငြိမ်းချမ်းရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါကြောင်း (၁၀-၂-၂၀၂၂) ရက်စွဲပါ ကြေညာချက် အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

 


အဆိုပါကြေညာချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရ ငြိမ်းချမ်းရေးအတွက်   အကြိုညှိနှိုင်းဆွေးနွေးပွဲနှင့်   (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်ကြပါရန် မြန်မာနိုင်ငံ  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ အလေးအနက်ထား၍ တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံအပ်ပါကြောင်း ပန်ကြားကြေညာအပ် ပါသည်။


မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)