
တိုကျို ဖေဖော်ဝါရီ ၇
ဂျပန်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုကို တစ်ရက်လျှင် လူဦးရေ တစ်သန်းအထိ ထိုးနှံပေးနိုင်ရန် ဆန္ဒရှိနေကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ကီရှီဒါက ပြောကြားခဲ့သည်။
အဓိကအခန်းကဏ္ဍကပါဝင်
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုသည် အဆိုပါ ရောဂါအား တိုက်ဖျက်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်လိမ့်မည်ဖြစ်ကြောင်း ကြေညာခဲ့ သော်လည်း လက်ရှိတွင် ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုခံယူထားသူဦးရေ သည် နိုင်ငံလူဦးရေ စုစုပေါင်း၏ ခြောက်ရာခိုင်နှုန်းထက်ပင် လျော့နည်းနေ ကြောင်း သိရသည်။
ထို့ကြောင့် ဂျပန်နိုင်ငံ၌ ယခုလ နောက်ပိုင်းမှစတင်ကာ တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ် အပိုဆောင်းထိုးနှံမှုကို လူဦးရေ တစ်သန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။ ထို့ပြင် ဂျပန်နိုင်ငံအစိုးရ အနေဖြင့် ကာကွယ်ဆေးထိုးနှံချင်သူတိုင်း အား တတ်နိုင်သမျှ မြန်မြန်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြား ခဲ့သည်။
တိုက်တွန်း
ဂျပန်နိုင်ငံ၌ ယနေ့အစောပိုင်းတွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် အများအပြား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တတိယအကြိမ်အပိုဆောင်းထိုးနှံမှု ခံယူခဲ့ကြောင်းလည်း သိရသည်။ ကိုဗစ်-၁၉ ရောဂါသည် ဂျပန်နိုင်ငံရှိ စာသင် ကျောင်းများနှင့် နေ့ကလေးထိန်းကျောင်း များရှိ ဆရာ ဆရာမများနှင့် မူကြိုကျောင်း ဝန်ထမ်းများအကြားတွင် ကူးစက်ပျံ့နှံ့ လျက်ရှိခြင်းကြောင့် ကာကွယ်ဆေး ထိုးနှံမှုကို အရှိန်မြှင့်လုပ်ဆောင်ရန်လည်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် တိုက်တွန်း ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၀၀၀ ကျော်နှင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူ ၁၁၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်