ဗီယက်နမ်နိုင်ငံက တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ဟနွိုင်း  ဖေဖော်ဝါရီ   ၇


ဗီယက်နမ်နိုင်ငံသည် အသက် ငါးနှစ်အောက်   ကလေးငယ်များ အား     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံမှုစတင်ရန် ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ရှိ     စာသင်ကျောင်းများအား တစ်နှစ်တာကာလအတွင်း ပထမ ဆုံးအကြိမ်အဖြစ်     ပြန်လည် ဖွင့်လှစ်ခဲ့ရာ     ဖေဖော်ဝါရီ ၇ ရက် တွင် ဗီယက်နမ်ကျောင်းသား ၁၇ သန်းကျော်   ကျောင်းတက်ခဲ့ကြောင်း သိရသည်။


ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက် အများအပြားကို    ၂၀၂၁  ခုနှစ် အောက်တိုဘာလ    အတွင်းက ဖြေလျှော့      ပေးခဲ့သော်လည်း ကျောင်းသား  အားလုံးနီးပါးကိုမူ အွန်လိုင်း   သင်တန်းများဖြင့်သာ သင်ကြားစေခဲ့ကြောင်း      သိရ သည်။


ဗီယက်နမ်နိုင်ငံရှိ    စာသင် ကျောင်းအများစုကို  ဖေဖော်ဝါရီ လလယ်ပိုင်းတွင်       ပြန်လည် ဖွင့်လှစ်နိုင်ရန်   စီစဉ်ထားကြောင်း လည်း        ဗီယက်နမ်နိုင်ငံ ကျန်းမာရေး    ဝန်ကြီးဌာနက ထုတ်ပြန်သည့်    ထုတ်ပြန်ချက် တစ်ရပ်တွင်    ဖော်ပြထားသည်။ ထို့ပြင် ဗီယက်နမ်အစိုးရကလည်း အသက်ငါးနှစ်နှင့် ၁၂ နှစ်အကြား ကလေးငယ်များအတွက် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ   ၂၁  ဒသမ  ၉  သန်း ဝယ်ယူရန်   ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံ၌       နိုင်ငံ့ လူဦးရေ  ၉၈ သန်းအနက် ၇၅ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံး နှစ်ကြိမ်     ထိုးနှံမှုခံယူပြီးဖြစ် ကြောင်းနှင့်   မတ်လကုန်ပိုင်းမှ စတင်ကာ     အရွယ်ရောက်ပြီးသူ အားလုံးအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး     တတိယအကြိမ် အပိုဆောင်းထိုးနှံပေးရန် ရည်ရွယ် ထားကြောင်း     ကျန်းမာရေး အာဏာပိုင်များက    ပြောကြား သည်။      

 ကိုးကား-စီအင်န်အေ
     ဘာသာပြန်-အလင်းသစ်