လစ်ဗျားနိုင်ငံတွင် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၌ ကိုဗစ် - ၁၉ အကာအကွယ်များ ကျင့်သုံးသွားရန် တောင်းဆို

 

ထရီပိုလီ   ဖေဖော်ဝါရီ   ၆


လစ်ဗျားနိုင်ငံတစ်ဝန်း ကိုဗစ်- ၁၉ ကူးစက်မှု များပြား လာစဉ် အများပြည်သူနှင့် သက်ဆိုင်သည့်ဧရိယာ များ၌  ကိုဗစ်-၁၉   အကာအကွယ်များကို ကျင့်သုံး သွားရန် အာဏာပိုင်များအား  လစ်ဗျားကူးစက်ရောဂါ ထိန်းချုပ်ရေး  အမျိုးသားစင်တာက    ဖေဖော်ဝါရီ ၅ ရက်တွင် တောင်းဆိုခဲ့သည်။ 

 


တိုးမြှင့်ဆောင်ရွက်


ကိုဗစ် -၁၉ ကာကွယ်ရေးအတွက် နိုင်ငံတစ်ဝန်း  သတိပေးမှုများလုပ်ဆောင်သည့်      လှုပ်ရှားမှုကို ပြုလုပ်ရန် အဆိုပါစင်တာမှ ထောက်ခံချက်ပေးခဲ့ သည်။   အထူးသဖြင့်   လစ်ဗျားနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင်  ထိုသို့ပြုလုပ်ရန် တောင်းဆိုခဲ့ သည်။ လူများစွာကို ကာကွယ်ဆေးထိုးနိုင်ရေးအတွက်  ရွေ့လျားကာကွယ်ဆေးထိုးပေးသည့် စင်တာများနှင့် သီးခြားခွဲထားသည့်စင်တာများကို တိုးမြှင့်ဆောင် ရွက်သွားရန်လည်း တိုက်တွန်းထားသည်။ 

 


ရောဂါကူးစက်မှုနှုန်း


လစ်ဗျားနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်း ကိုဗစ်-၁၉ စတုတ္ထလှိုင်းသို့ဝင်ရောက်လာပြီဟု  အဆိုပါစင်တာမှ ကြေညာခဲ့သည်။ ရောဂါကူးစက်မှုနှုန်းများမှာလည်း သိသိသာသာ တိုးလာခဲ့သည်။   နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉   ကူးစက်ခံရသူ  ၄၄၅၈၇၆ ဦးရှိပြီး    ပြန်လည် ကျန်းမာလာသူမှာ ၃၉၇၂၉၁ ဦးရှိပြီး သေဆုံးသူ ဦးရေမှာ ၆၀၅၂ ဦး ရှိသည်။ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးသူဦးရေမှာ ၂၀၅၇၁၄၁ ဦးရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၁၀၁၆၄၉၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။                                              

ဆင်ဟွာ