တူရကီသမ္မတ အာဒိုဂန် ကိုဗစ် - ၁၉ ကူးစက်ခံရ

 

အန်ကာရာ   ဖေဖော်ဝါရီ   ၆


တူရကီ သမ္မတ ရီဆက်တိုင်ရက် အာဒိုဂန်က ၎င်းတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ပြောကြားခဲ့ သည်။ သမ္မတအာဒိုဂန်က ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးလုံးတွင်ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းနှင့် အိုမီခရွန်၏ အပျော့စားလက္ခဏာများသာ ခံစားရ ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ 

 


တူရကီသမ္မတသည်   ဖေဖော်ဝါရီ   ၃  ရက်တွင်  ယူကရိန်းသမ္မတ     ဗိုလိုဒီမာ ဇီလန်စကီးနှင့်   ကီယက်ဗ်မြို့၌ တွေ့ဆုံခဲ့သည်။  ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့ကြား  တင်းမာ မှုများကို ဖြေလျှော့ပေးရန်အတွက် ကြားဝင်ဆောင်ရွက်ပေးရန်  ဆန္ဒ ရှိကြောင်း   အာဒိုဂန်က    ၎င်း၏ သဘောဆန္ဒကို ဖော်ပြခဲ့ပြီး နေအိမ် ၌ပင် အလုပ်လုပ်ကိုင်သွားမည်ဖြစ် ကြောင်း တူရကီ သမ္မတက ပြော သည်။ 

 


တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ   မြင့်မားလာမှုကို ကိုင်တွယ်ဖြေရှင်းရန်     ရုန်းကန် နေရသည်။    နေ့စဉ်ကူးစက်မှုများ မှာလည်း  ဖေဖော်ဝါရီ   ၄  ရက် တွင်     ပထမဆုံးအကြိမ်အဖြစ် ၁၁၁၀၀၀ အထိ ရှိလာခဲ့သည်။ 

အင်န်အိတ်ချ်ကေ