ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး စစ်တွေမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ   ၆


ဆောက်လုပ်ရေးဝန်ကြီး   ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည်   ယမန်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်        စစ်တွေမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ရုံးတွင်         ပြည်နယ်အတွင်းရှိ အဆောက်အဦ၊  လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ   ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့်   ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ  တာဝန်ရှိသူ များ၊ ဝန်ထမ်းများနှင့်    တွေ့ဆုံ သည်။ (

 

 
တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့်   အဓိက လမ်းပန်း ဆက်သွယ်ရေးနှင့်       အခြေခံ အဆောက်အဦ   ဖွံ့ဖြိုးတိုးတက် ရေးအတွက် တာဝန်ယူဆောင်ရွက် ရသည့်ဌာန     ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး  မပြတ် တောက်စေရေးအတွက် ထိန်းသိမ်း ရေးအပိုင်းများကိုလည်း  အဓိက ထားဆောင်ရွက်ရန် မှာကြားလိုပါ ကြောင်း၊ လုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန် စွာဖြင့် စေတနာထား ဆောင်ရွက် ရန် မှာကြားသည်။

 


ထို့နောက်   လမ်းဦးစီးဌာန မြို့ပြနှင့်  အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ  ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် အင်ဂျင်နီယာ ချုပ်တို့က  သက်ဆိုင်ရာ ဦးစီးဌာန အလိုက် ဝန်ထမ်းရေးရာကိစ္စရပ် များနှင့်ပတ်သက်၍ လိုအပ်သည် များကို မှာကြားသည်။ 

 


ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းများနှင့်         ပတ်သက်၍ တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား   ပြော ကြားသည်။

 


ယနေ့      နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်နှင့်အတူ   ဆတ်ရိုးကျ တံတားကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား ပင်လယ် နှင့် နီးကပ်စွာတည်ရှိသော တံတား ဖြစ်သည့်အတွက်        ပင်လယ် ဆားငန်ရေကြောင့် ပျက်စီးမှုမရှိစေ ရေး ကြပ်မတ်စစ်ဆေးပေးရန်နှင့် တံတားတိုင်များ၏    ကြံ့ခိုင်မှုကို အမြဲမပြတ်   ကြည့်ရှုစစ်ဆေးရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်