
နေပြည်တော် ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့လက်မှုအနုပညာစင်တာ ဖွင့်ပွဲ၊ အသေးစားစက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ မြန်မာ့လက်မှုအနုပညာစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မြန်မာ့လက်မှုအနုပညာစင်တာ ကို မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှု အနုပညာလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးစေရန်၊ တိမ်ကော ပပျောက်မှုမရှိစေရန်၊ မြန်မာ့ လက်မှုအနုပညာယဉ်ကျေးမှုများ ရေရှည်တည်တံ့စေရန်၊ ရိုးရာ လက်မှုလုပ်ငန်းများကို အားပေး မြှင့်တင်ရန်၊ နိုင်ငံတစ်ဝန်းရှိ လက်မှုအနုပညာများကို တစ်နေရာ တည်းတွင် လေ့လာနိုင်ရန်၊ မြန်မာ့ လက်မှုထည်များ ပြည်ပသို့တင်ပို့ နိုင်ရေးအတွက် ဈေးကွက်မြှင့်တင် ပေးရန်၊ အိမ်တွင်းတစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အားပေးမြှင့်တင် ရန် စသည့် ရည်ရွယ်ချက်များ နှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ စင်တာ၌ ယွန်းထည်ပစ္စည်း များ၊ ရက်ကန်းထည်ပစ္စည်းများ၊ သစ်သားပန်းပုများ၊ ငွေထည် ကြေးထည်ပစ္စည်းများ၊ ပန်းချီကား များ၊ သစ်သား၊ ဝါး၊ ကျောက်မျက် များနှင့် ပြုလုပ်ထားသည့် ပန်းပု ပစ္စည်းများ၊ ဝါးထည်ကြိမ်ထည် များ၊ ကနုကမာ၊ ခရုများနှင့်ပြုလုပ် ထားသည့် အလှဆင်ပစ္စည်းများ နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှထွက်ရှိသည့် လက်မှုအနု ပညာပစ္စည်းအမျိုးမျိုးကို ပြသ ရောင်းချသွားမည် ဖြစ်သည့် အတွက် မြန်မာ့လက်မှုအနုပညာ များနှင့် အသက်မွေးဝမ်း ကျောင်းသူများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယခုကဲ့သို့သော ပြပွဲနှင့်ဈေးရောင်း ပွဲတော်သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည်ဖြစ်သည့်အတွက် စင်တာရေရှည်တည်တံ့စေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြော ကြားသည်။
ယင်းနောက် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ့ လက်မှုအထည်များ ပြည်ပ ဈေးကွက်ရရှိရေး ဆောင်ရွက်နေ မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်တို့က မြန်မာ့လက်မှုအနု ပညာစင်တာကို ဖဲကြိုးဖြတ်၍ ကမ္ပည်းမော်ကွန်းကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာ ရည်များ ပက်ဖျန်းကြကာ စင်တာ အတွင်း ခင်းကျင်းပြသရောင်းချ သည့်ဆိုင်ခန်းများကို ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ အသေးစား စက်မှုလက်မှုနှင့် လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲ၊ ဈေးရောင်း ပွဲ (ရန်ကုန်)ဖွင့်ပွဲကို ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ကာ အသေးစား စက်မှုလက်မှုနှင့် လက်မှုအနုပညာထုတ်ကုန်ပစ္စည်း ပြပွဲ၊ ဈေးရောင်းပွဲ (ရန်ကုန်)အတွင်း ခင်းကျင်းပြသရောင်းချ သည့် ဆိုင်ခန်းများကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီး သမဝါယမဦးစီးဌာန ရုံးသစ် ဖွင့်ပွဲသို့တက်ရောက်ပြီး ရုံးသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ရန်ကုန်တိုင်းဒေသကြီး မိုးဦးပန်း အထွေထွေရောင်းဝယ် ရေး သမဝါယမအသင်းလီမိတက် ၏ ဒေသထွက်ကုန်အရောင်းဆိုင် ရောင်းချနေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်