နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းဖြစ်သည့် စစ်တွေဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ   ဖြစ်သည့် ဗိုလ်ချုပ်ကြီး     တင်အောင်စန်း၊ မန်းငြိမ်းမောင်၊     ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည်      ရခိုင် ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး      လိုဏ်ဂူ တော်အတွင်း        ကိန်းဝပ်စံပယ် တော်မူလျက်ရှိသည့်  ဗုဒ္ဓရုပ်ပွား တော်မြတ်နှင့်   စေတီတော်မြတ် ကြီးဝင်းအတွင်းရှိ   အောင်စကြာ မုနိ         သိမ်တော်မြတ်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့်         စကြာမုနိသွန်းစက်တော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ 

 


လိုက်လံရှင်းလင်းပြသ


ဆက်လက်ပြီး  စေတီတော်မြတ်ကြီး၏  လိုဏ်ဂူတော်အတွင်း ဘက်စုံပြုပြင်မွမ်းမံထားရှိမှု၊ ဘုရားရင်ပြင်တော်နှင့် အောင်စကြာမုနိ သိမ်တော်ကြီးအား ပြုပြင်မွမ်းမံရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ထို့နောက် အဖွဲ့ဝင်များသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကုလားတန်မြစ်ကြောင်း   ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း ဖြစ်သည့် စစ်တွေဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ကမ်း ရှင်းလင်းဆောင်၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြည်နယ်ဆိပ်ကမ်း အရာရှိချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက တည်ဆောက်ပြီးစီး သည့် ဆိပ်ခံတံတားနှင့် ကျောထောက်နောက်ခံ ဆိပ်ကမ်းအဆောက် အဦများ၊ စစ်တွေမြို့မှ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ချင်း ပြည်နယ် ပလက်ဝမြို့အထိ သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှု၊ ချဉ်းကပ်တံတားပါဝင်သော  ပလက်ဝဆိပ်ကမ်းတည်ဆောက်ခြင်း၊ ဆိပ်ကမ်းဝင်းအတွင်း ရုံးနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက် ပြီးစီးမှု၊ စစ်တွေဆိပ်ကမ်းအဝင် ရေလမ်းကြောင်းနှင့်   ကုလားတန် မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြအမှတ်အသားများ  တပ်ဆင် ထားရှိမှု၊  ဆိပ်ကမ်းတွင်  ရေယာဉ်လမ်းကြောင်းတူးဖော်နေမှု၊ ပလက်ဝ မြို့မှ မြန်မာ-အိန္ဒိယနယ်စပ်အထိ  အဝေးပြေးမော်တော်ကားလမ်း ဖောက်လုပ်မည့်အခြေအနေအပါအဝင်   ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ  အချက် အလက်များနှင့်စပ်လျဉ်း၍   ရှင်းလင်းတင်ပြကြရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဖွဲ့ဝင် များသည် စစ်တွေဆိပ်ခံတံတားနှင့် ဆိပ်ခံတံတားအနီးတွင်    သောင် တူးဖော်နေမှု၊ ရေယာဉ်များ ဆိုက်ကပ်ထားရှိမှုတို့ကို ကြည့်ရှုကြသည်။

 


တိုက်ရိုက်ကုန်သွယ်နိုင်မည်


အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းသည် မြန်မာ နှင့် အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့် သာမက အခြား နိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်မည်ဖြစ်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေခြင်း၊ ဒေသခံ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံ များအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီး သွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်