
မိုင်းယောင်း ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အတွင်း၌ ဒေသခံဌာနေ တိုင်းရင်းသားများ ၏ ရိုးရာနှစ်သစ်ကူးပွဲများကို မိုးနှောင်းရာသီ ဆောင်းဝင်ခါစ အောက်တိုဘာ လကုန်ပိုင်းမှစ၍ တိုင်းရင်းသား ကျေးရွာများ၌ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲလျက် ရှိရာ ယနေ့တွင် အေးချမ်းရွာ၊ အောင်မြေရွာ၊ ဇေထိရွာတို့၌ ကျင်းပကြောင်း သိရသည်။
တိုင်းရင်းသားရိုးရာ နှစ်သစ် ကူးပွဲများကို ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ ဘာသာရေး ဆရာများက ဦးဆောင်၍ ကျင်းပ ကြကာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသော စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ငရုတ်သီးနှင့် အခြားရာသီ ပေါ်သီးနှံများကို အထွတ်အမြတ် ထားရာ ကိုးကွယ်ယုံကြည်သူများ ထံ ဦးဦးဖျားဖျား ဆက်ကပ်ပူဇော် ၍ စုပေါင်းပြီး ကုသိုလ်ကောင်းမှု အတွက် ဆုတောင်းကြသည်။
ရိုးရာနှစ်သစ်ကူးပွဲ ကျင်းပ သည့် ဤအချိန်များတွင် အဝေး ရောက်နေသူများမှာလည်း မိမိတို့ မွေးရပ်မြေရှိ မိဘဆွေမျိုးများထံသို့ ပြန်လာကြပြီး မိသားစုလက်စုံ ထမင်းဝိုင်းများနှင့် ခင်မင်ရင်းနှီး သော မိတ်ဆွေအပေါင်းအသင်း များဖြင့် မိတ်ဆုံထမင်းဝိုင်းများ ကျင်းပကြသည်။
မိုင်းယောင်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများ၏ နှစ်စဉ် ကျင်းပမြဲ ရိုးရာဓလေ့တစ်ခုဖြစ် သော နှစ်သစ်ကူးပွဲများကို ယခုနှစ် တွင် မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားကျေးရွာများဖြစ်ကြ သည့် အေးချမ်းရွာ၊ အောင်မြေရွာ၊ ဇေထိရွာ၊ နမ့်ဆီလင်း၊ ပါဆန်း၊ ရှေခင်၊ ဇိအုံကျေးရွာတို့၌ ပျော်ရွှင် စွာ ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း