
မင်းလှ ဖေဖော်ဝါရီ ၅
မင်းလှမြို့နယ်၌ တည်ဆောက် ပြီးစီးနေသော ဂွေးချိုတံတားကို (၇၅)နှစ်မြောက် စိန်ရတု ပြည် ထောင်စုနေ့ အထိမ်းအမှတ်အကြို အဖြစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် လမ်းဦးစီးဌာနမှ အင်ဂျင် နီယာချုပ်(မြို့ပြ)တို့က ဖေဖော် ဝါရီ ၃ ရက်က ဖွင့်လှစ်ပေးသည်။
ဂွေးချိုတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁- ၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေများဖြင့် တည်ဆောက်ခြင်း ဖြစ်ကာ တံတားအရှည် ပေ ၂၇၀၊ အကျယ် ၂၈ ပေ ရှိပြီး သံကူကွန် ကရစ်တံတား ဖြစ်သည်။
အဆိုပါ တံတား တည်ဆောက်ပေးခြင်း ကြောင့် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက် သွယ်ရေး လွယ်ကူအဆင်ပြေလျက် ရှိသည်။
ဇာဇာ(အထက်မင်းလှ)