
ဗန်းမော် ဖေဖော်ဝါရီ ၅
ပြည်သူများခရီးသွားလာမှု ချောမွေ့အဆင် ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူ မြန်ဆန်စေရေးအတွက် ဗန်းမော်-နေပြည် တော် တိုက်ရိုက်ပြေးဆွဲမည့် ကြယ်တံခွန် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ ကြယ်တံခွန် ယာဉ်လိုင်းဂိတ်၌ ကျင်းပသည်။
ယခင်က ဗန်းမော်-မန္တလေး ၊ ဗန်းမော်-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေသည့် မော်တော် ယာဉ်လိုင်းများသာရှိခဲ့ပြီး ဗန်းမော်-နေပြည် တော် တိုက်ရိုက်ပြေးဆွဲသည့် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း တစ်ခုမှ မရှိခဲ့သောကြောင့် ကြယ်တံခွန် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းအသစ် သည် ဗန်းမော်-နေပြည်တော် ခရီးစဉ်ကို ပထမဆုံး တိုက်ရိုက်ပြေးဆွဲသည့်ယာဉ်လိုင်း ဖြစ်လာသည်။
တစ်ရက်ခြား ပြေးဆွဲမည်
ဗန်းမော်မှ ပထမဆုံးခရီးစဉ်ကို ဖေဖော် ဝါရီ ၄ ရက် နံနက် ၁၀ နာရီတွင် ဗန်းမော် ဂိတ်မှ စတင်ပြေးဆွဲခဲ့ပြီး နေပြည်တော်မှ ပထမဆုံး ခရီးစဉ်ကိုလည်း တစ်ပြိုင်တည်း စတင်ပြေးဆွဲခဲ့ကာ နောက်ပိုင်းတွင် တစ်ရက် ခြား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဗန်းမော် မှထွက်ခွာသောယာဉ်၏ လမ်းခရီးစဉ်များမှာ ဗန်းမော်-ရွှေကူ-ရွှေဘို-မိတ္ထီလာ-ပျော်ဘွယ်-ရမည်းသင်း-တပ်ကုန်း-နေပြည်တော် ဖြစ် ကြောင်းနှင့် ယာဉ်စီးခမှာတစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ ဖြစ်ကြောင်း သိရသည်။
ဆီမီးခုံ-နန်းရီ