
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်တည်ထောင် သည့် ၁၉၅၃ ခုနှစ်မှစ၍ တောင်သူလယ်သမား ဦးကြီးများနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ကျေးဇူးပြုရင်း ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း (၇၀) နီးပါးရှိခဲ့ပြီဖြစ်ပါသည်။ ယခင်က စိုက်ပျိုး စရိတ်ချေးငွေ တစ်ခုတည်းကိုသာ ထုတ်ချေးခဲ့ရာမှ ယနေ့အချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေသာမက ဖွံ့ဖြိုးရေးချေးငွေများဖြစ်ကြသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး နှစ်ဆင့် ချေးငွေ (MEB, Two Step Loan) နှင့် ကိုဗစ်-၁၉ အထူးချေးငွေ စသည့်ချေးငွေများကိုလည်း တိုးတက်ထုတ်ချေးလျက်ရှိပါသည်။
၂။ ယခုအခါ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ရသော သွားလာမှု ကန့်သတ်ချက်များ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု အခက်အခဲများ၊ သယ်ယူပို့ဆောင်မှုအခက်အခဲများ စသည်တို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူဦးကြီးများ၏ အခက်အခဲများကို အထိုက်အလျောက်ပြေလည်စေရန်နှင့် စိုက်ပျိုး ရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ချေးယူထားသော ကိုဗစ်-၁၉ အထူး ချေးငွေ ပြန်လည်ပေးဆပ်မှုနှင့် ဆောင်းရာသီ စိုက်ပျိုးကာလအမီ ချေးငွေသစ်များ အဆင်ပြေစွာ ထုတ်ချေးနိုင်ရေးအတွက် ကိုဗစ်-၁၉ အထူး ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလနှင့် ၂၀၂၁- ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး သည့်ကာလများကို အောက်ပါအတိုင်း တိုးမြှင့် ပြင်ဆင်သတ်မှတ်ပေးထားပါသည် -
(က) ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည် ပေးဆပ်ရန်ကာလကို ပထမအကြိမ် ပြင်ဆင်သတ်မှတ် ဖြေလျှော့ပေးခဲ့ သည့် (၃၁-၁၂-၂၀၂၁) ရက်နေ့အစား ၂၀၂၂ ခုနှစ်၊ မတ်လကုန်အထိ။
(ခ) ၂၀၂၁- ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးမှု နောက်ဆုံး ရက်ကို (၃၁-၁-၂၀၂၂) ရက်နေ့အစား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ။
၃။ သို့ဖြစ်ပါ၍ တောင်သူလယ်သမား ဦးကြီး များအနေဖြင့် ယခင်ချေးငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ များနှင့် အချိန်မီဆက်သွယ်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်