ပီရူးနိုင်ငံ၏ ရှေးဟောင်းသုတေသနနေရာအနီးတွင် လေယာဉ်ပျက်ကျရာ ခုနစ်ဦးသေဆုံး

 

လီမာ  ဖေဖော်ဝါရီ   ၅


ပီရူးနိုင်ငံ၏    နာမည်ကျော် ရှေးဟောင်းသုတေသန  နေရာ ဖြစ်သည့် နက်ဇ်ကာတွင် ဖေဖော် ဝါရီ ၄ ရက်က လေယာဉ်ပျက် ကျခဲ့ရာ  လူခုနစ်ဦး   သေဆုံးခဲ့ ကြောင်း ဒေသခံအာဏာပိုင်များ က ပြောသည်။ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ  ၁၀ မိနစ်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး   ပျံတက် ပြီးနောက် မကြာမီအချိန်အတွင်းပျက်ကျခဲ့ခြင်းဖြစ်သည်။ သေဆုံး သူများထဲတွင် လေယာဉ်အမှုထမ်း နှစ်ဦးနှင့် ခရီးသွား ငါးဦးတို့ပါဝင် ကြောင်း ဒေသဆိုင်ရာမီဒီယာများ က  ဖော်ပြကြသည်။

 


ခရီးသည်များမှာ  အမေရိကန် ပြည်ထောင်စု၊   နယ်သာလန်နှင့် ချီလီနိုင်ငံတို့မှ    ပါဝင်ကြောင်း ဒေသတွင်း         မီဒီယာများတွင် ဖော်ပြကြသည်။    အသက်ရှင် ကျန်ရစ်သူမရှိကြောင်း    သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက  ကြေညာချက် ထုတ်ပြန်ခဲ့သည်။  ခရီးသွားများမှာ ပီရူးနိုင်ငံ   မြို့တော်လီမာမြို့မှ တောင်ဘက်  ၃၈၂  ကီလိုမီတာ အကွာရှိ နက်ဇ်ကာမှပြန်လာကြ သူများဖြစ်သည်။ လေယာဉ်ပျက် ကျပြီးနောက် မီးလောင်ခဲ့ကြောင်း  ဒေသတွင်း မီးသတ်သမားများက ပြောသည်။

 


လေယာဉ်  ပျက်ကျရသည့် အကြောင်းကို စုံစမ်းသွားမည်ဟု ပီရူးနိုင်ငံ၏ လေကြောင်းစုံစမ်း စစ်ဆေးရေးကော်မရှင်က ပြော သည်။ နက်ဇ်ကာမှာ  ခရီးသွား များ   လာရောက်လည်ပတ်ရာ နေရာ ဖြစ်သည်။      

  ဆင်ဟွာ