
ဝါရှင်တန် ဖေဖော်ဝါရီ ၅
အမေရိကန် ပြည်ထောင်စုတွင် ဖေဖော်ဝါရီ ၄ ရက်တွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူဦးရေမှာ ၉၀၀၀၀၀ အထိ ရှိလာပြီဖြစ်သည်။
ကိုဗစ် -၁၉ ကူးစက်ခံရသူ ဦးရေမှာ လျော့နည်းလာပြီဖြစ် သော်လည်း သေဆုံးမှုနှုန်းနှင့် ဆေးရုံတက်ရသည့် လူနာဦးရေ မှာမူ ဆက်လက်မြင့်မားနေဆဲ ဖြစ်သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်က စုစည်းထားသော အချက်အလက်များအရ ဒီဇင်ဘာ လလယ်ပိုင်းတွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးသူ ၁၀၀၀၀၀ တိုးလာကြောင်း သိရသည်။
ဒီဇင်ဘာလလယ်ပိုင်းတွင် အိုမီခရွန်မျိုးကွဲ ကူးစက်ပျံ့နှံ့လာ ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၃ ရက် အထိ တစ်ပတ်တာအတွင်း နေ့စဉ်ကူးစက်မှုမှာ ၃၈၄၀၀၀ ရှိ သည်။ ဆေးရုံတက်ရောက် ကုသရမှုနှုန်းမှာ မြင့်မားလျက်ရှိပြီး ရောဂါလက္ခဏာ ပြင်းထန်သဖြင့် ဆေးရုံတက်ရသည့် လူနာဦးရေ မှာ ၁၂၀၀၀၀ ဝန်းကျင်အထိ များပြားလာသည်။ တစ်ပတ် အတွင်းပျမ်းမျှအားဖြင့် နေ့စဉ် သေဆုံးမှုနှုန်းမှာ ၂၄၀၀ ဝန်းကျင် တွင်ရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက် ရောက်လျှင် ကိုဗစ် -၁၉ကြောင့် သေဆုံးမှုနှုန်းမှာ ၉၃၀၀၀၀ မှ ၉၆၀၀၀၀ အထိရှိလာနိုင်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာက ခန့်မှန်းထားသည်။ ပြည်သူများ အနေဖြင့် ကာကွယ်ဆေးထိုးကြ ရန်လည်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာမှ အရာရှိများက တိုက် တွန်းထားသည်။
ထို့ပြင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရန်နှင့် လူစုလူဝေးများကို ရှောင်ရှားကြရန်လည်း တိုက်တွန်း ထားသည်။
အင်န်အိတ်ချ်ကေ