ပန်းချီဆရာကြီး ဦးခင်မောင်စန်း (မန္တလေး)၏ အမှတ်တရ(၁) ပန်းချီပြပွဲကျင်းပ

 

မန္တလေး   ဖေဖော်ဝါရီ   ၅


ပန်းချီဆရာကြီး       ဦးခင်မောင်စန်း   (မန္တလေး)၏ အမှတ်တရ (၁)   ပန်းချီပြပွဲ   ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ  ၅ ရက်  နံနက် ၉ နာရီက  မန္တလေး အောင်မြေသာစံမြို့နယ်ရှိ   မန္တလေးတောင်ပန်းချီ ပြခန်း၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် ပြပွဲစီစဉ်သူ ကွယ်လွန်သူ ဆရာကြီး  ဦးခင်မောင်စန်း၏   ဇနီး ဆရာမ ဒေါ်ခင် နန်းဆန်က   ပန်းချီပြပွဲပြုလုပ်ရခြင်း  ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက်  ပန်းချီဆရာကြီး ဦးခင်မောင်သန်း၊ ပန်းချီဆရာကြီး ဦးဇော်ဝင်း (သစ်ထွင်း)၊ ဆရာကြီး ဦးစိန်မြင့် (ရွှေချီထိုး )၊ ဆရာဦးစိုးဝင်း၊ ဆရာဦးမြင့် ကျော်၊ ဆရာဦးမြင့်ထွန်း၊ ဆရာဦးစိုးဝင်းအောင်တို့က မုဒိတာစကားများ   ပြောကြားပြီး  ဆရာဦးမျိုးမြင့် သိုက်က  ကဗျာရွတ်ဆိုဂုဏ်ပြုသည်။   ဆက်လက်၍ ပန်းချီပြပွဲစီစဉ်သူ  မိသားစုက ကျေးဇူးတင်စကား ပြောကြားကြောင်း     သိရသည်။     ထို့နောက် တက်ရောက်လာသူ ပန်းချီဆရာများ၊ ဖိတ်ကြားထား သူများက ပြသထားသော ပန်းချီကားများကို ကြည့်ရှု ကြသည်။ 

 


အဆိုပါပန်းချီပြပွဲကို     ဖေဖော်ဝါရီ  ၅ ရက်မှ ၇ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ   ပြသမည်ဖြစ်ပြီး   မည်သူမဆို   လာရောက် ကြည့်ရှုရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ 


ခင်ခင်ဝင်း(ပညာရေး)