(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် လက်ရွေးစင် ကာယဗလမောင်/မယ်များ ကာယဗလလက်ရည်စစ်ပြိုင်ပွဲကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ    ၅


၂၀၂၂  ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် လက်ရွေးစင်ကာယဗလ မောင် /မယ်များ၏ ကာယဗလလက်ရည်စစ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ   ၂  နာရီက ရန်ကုန်မြို့  မင်္ဂလာတောင်ညွန့်မြို့နယ်   မြို့တော်စည်ပင် အားကစားဝင်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ကာယဗလလေ့ကျင့်ရေးစခန်း၌ ကျင်းပ သည်။

 


ရှေးဦးစွာ (၇၀)ကီလိုအောက် ကာယဗလမောင် ပြိုင်ပွဲ၊ (၇၀)ကီလိုအထက် ကာယဗလမောင်ပြိုင်ပွဲ၊ ကာယဗလမောင်များ အလွတ်တန်းပြိုင်ပွဲ၊ အမျိုး  သမီး ကာယဗလမယ်ပြိုင်ပွဲနှင့် အမျိုးသား/အမျိုး သမီးစုံတွဲပြိုင်ပွဲများ    ကျင်းပရာ     လက်ရွေးစင် အားကစားသမားများက    ကိုယ်ဟန်ခုနစ်မျိုးနှင့် တစ်ဦးချင်း စိတ်ကြိုက်ကိုယ်ဟန် အနေအထားဖြင့် ကျစ်လျစ်ကြံ့ခိုင်မှုကို နောက်ခံတေးဂီတဖြင့် ပါ၀င် ယှဉ်ပြိုင်ကြသည်။

 


ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်၊ အတွင်း‌ရေးမှူးနှင့် အားကစား နှင့်  ကာပညာသိပ္ပံ(ရန်ကုန်)   ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့က ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမား ကာယဗလ မောင်/မယ်များအား   ဂုဏ်ပြုဆုငွေများ  ပေးအပ် ချီးမြှင့်ကြပြီး ရန်ကုန်မြို့တော်ဝန်က အားကစား သမား ကာယဗလမောင်/မယ်များအား ရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။

 


ယင်းအခမ်းအနားကို   ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊    ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်  မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒုတိယမြို့တော် ဝန် ဦးညီညီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင် များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

 


အဆိုပါ လက်ရွေးစင်ကာယဗလမောင်မယ် များသည် ဗီယက်နိုင်ငံ၌ ယခုနှစ် မေ၌ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် နေကြခြင်းဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး