(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

နေပြည်တော်    ဖေဖော်ဝါရီ    ၅


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက်   စိန်ရတု   ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ   နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းလုပ်အားပေးပွဲ ပြုလုပ် ခဲ့ကြသည်။

 


အဆိုပါ စုပေါင်းလုပ်အားပေးပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရှိ   ဌာနကြီးများနှင့်  ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့မှ  တပ်ဖွဲ့ဝင်  ၃၇၅ ဦးတို့က ဆေးရုံကြီး အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အမှိုက် များ ရှင်းလင်းခြင်း၊ ချုံနွယ်များနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းတို့အား စုပေါင်းလုပ်အားပေး ခဲ့ကြသည်။

 


စုပေါင်းလုပ်အားပေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဇော်ထွန်း အောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် ဆေးရုံတာဝန်ရှိသူများက လုပ်အားပေးဆောင်ရွက် သည့် တပ်ဖွဲ့ဝင်များအား  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်