
မြိတ် ဖေဖော်ဝါရီ ၅
နိုင်ငံသားတိုင်း နိုင်ငံသားအခွင့် အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသား ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေ ရေးအတွက် ပြည်သူလူထုအားလုံး ၏ လက်ဝယ်၌ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုလူဦးရေစာရင်း များကို မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်း ဆွေနှင့် ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ လျာထား ချက်ပြည့်မီအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကို ကန်ဖျားရပ်ကွက် ဘုရားငါးဆူ ကျောင်းနှင့် အလယ်ကျွန်းရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် မြိတ်မြို့နယ်၏ နောက်ဆုံးကွင်း ပိတ်ကွင်းအဖြစ် မြိတ်မြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများမှ ပြည်သူ များအား ယနေ့တွင် ဆောင်ရွက် ပေးနေမှုအား မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ် ဇော်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ် ခရိုင် ဦးစီးမှူး ဦးထွန်းဇော်ဦးတို့က ကြည့်ရှုအားပေးခဲ့ကြ၍ ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များ လိုက်နာကြ ရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေး ရရှိစေရေးအတွက် နိုင်ငံတော်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးမှုများအား ရှင်းလင်း ပြောကြားခဲ့ကြသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကို ပြည်သူလူထုအား ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ စတင်ကာ ရပ်ကွက်/ ကျေးရွာများအထိ ကွင်းဆင်းပြုလုပ်ပေးခဲ့ရာတွင် မြိတ်မြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စုရှိ ပြည်သူလူထုများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ၂၂၇၆၈ ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း ၁၀၆၆၀ စောင် လျာထားဆောင်ရွက်ခဲ့ရာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားနေသည့် ကာလတွင်ပင် ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်တွင် လျာထား ချက်ပြည့်မီအောင် ဆောင်ရွက်နိုင် ခဲ့ပြီးဖြစ်ကာ ပြည်သူများ၏ လက်ဝယ် အရောက်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)