
ပဲခူး ဖေဖော်ဝါရီ ၅
ကိုဗစ်-၁၉ ရောဂါ အသွင်ပြောင်း အိုမီခရွန်သည် ယခင်က ပြည်ပ ပြန်များ၌သာ တွေ့ရှိရပြီး ယခု အခါ ပြည်တွင်းကူးစက်မှုများ တွေ့ရှိနေရပြီဖြစ်ကြောင်း၊ တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ စေရေး နည်းလမ်းပေါင်းစုံဖြင့် ကြပ်မတ် ထိန်းချုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက Online Zoom Meeting System ဖြင့် ကျင်းပ သည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က Community Based Facility Quarantine (CBFQ) ဆောင်ရွက်မည့်နေရာ များ အသင့်ဖြစ်စေရေး ဆောင်ရွက် ထားရန် လိုအပ်သကဲ့သို့ စေတနာ့ ဝန်ထမ်းများကိုလည်း ကြိုတင် စုစည်းထားရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရေး ကာကွယ် ဆေးထိုးလုပ်ငန်းများ ပိုမိုကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူးက တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေး မှု၊ တွေ့ရှိမှုနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို လည်းကောင်း တင်ပြကြရာ တိုင်းဒေသကြီး ကော်မတီဝင်များက မြို့နယ် အလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်