
ရန်ကုန် ဖေဖော်ဝါရီ ၅
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အတူ ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာ၌ ပြုလုပ်သည့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် ” ဒုတိယအဆင့် စိတ်ကြိုက်သီချင်း သီဆိုမှုပြိုင်ပွဲ တိုက်ရိုက်(Live) ရိုက်ကူးထုတ်လွှင့်မှုကို ကြည့်ရှု အားပေးသည်။
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်
ပြိုင်ပွဲပြီးနောက်ပြည်ထောင်စု ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပြိုင်ပွဲဝင်များ၊ အစီအစဉ် တင်ဆက်သူများ နှင့် အကဲဖြတ်ဒိုင်အဖွဲ့အား လက်ဆောင်များပေးအပ်၍ ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်သည်။
အဆိုပါ ဒုတိယအဆင့်ပြိုင်ပွဲ တွင် တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် မကွေးတိုင်းဒေသ ကြီးမှ MF01 မြတ်နိုးစံ၊ ရန်ကုန် တိုင်းဒေသကြီးမှ MF02 ကြူကြူခိုင်၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ MF03 ရေဂျီနား၊ မန္တလေး တိုင်းဒေသကြီးမှ MF04 ဇော်ထွေး လတ်၊ ကချင်ပြည်နယ်မှ MF05 အရိန့်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှ MF07 ချိုမီမီ ဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်းဝင်းထွန်း၊ ရန် ကုန်တိုင်း ဒေသကြီးမှ MF09 ဈာန်ထူး၊ ပဲခူး တိုင်းဒေသကြီးမှ MF10 ချစ်နု စုစုပေါင်း ၁၀ ဦးက ယှဉ်ပြိုင် သီဆိုခဲ့ကြပြီး The Ensemble တေးဂီတအဖွဲ့က တီးခတ်ပေးခဲ့ ခြင်း ဖြစ်သည်။
အမှတ်ပေးမှုဖြင့်ဆောင်ရွက်
တူယှဉ်နွဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပခဲ့ရာ အုပ်စုပြိုင်ပွဲများ ဖြစ်သော ပထမအဆင့်ပွဲစဉ်တွင် အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေး မှုဖြင့် ဆောင်ရွက်ခဲ့သည်။
ဒုတိယအဆင့်နှင့် တတိယ အဆင့်ပြိုင်ပွဲများတွင် အကဲဖြတ် ဒိုင်များ အမှတ်ပေးမှုအပြင် ပရိသတ်များအနေဖြင့် MPT နှင့် Mytel Sim Card များကို အသုံးပြု ၍ Voting မဲပေးနိုင်မည်ဖြစ် သည်။ မိမိတို့ ကြိုက်နှစ်သက် သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့ မဲပေးခြင်းကို အရေအတွက် အကန့်အသတ်မရှိဘဲ MPT Sim Cardများမှ ကုတ်နံပါတ် “7522” သို့လည်းကောင်း ၊ Mytel Sim Card များမှ ကုတ်နံပါတ် “ 7575 ”သို့လည်းကောင်း SMSဖြင့် ပြိုင်ပွဲ ဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့နိုင်ကြောင်း သိရသည်။
ပွဲစဉ်၏ နောက်ဆုံးနှစ်ပွဲကို လည်း ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ မြဝတီမီဒီယာစင်တာ ၌ ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေ နေ့)နှင့် ဖေဖော်ဝါရီ ၁၁ ရက် (သောကြာနေ့) ညများတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်