
သီပေါ ဖေဖော်ဝါရီ ၅
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် စည်ပင် သာယာရေးဌာန အမှုဆောင် အရာရှိ ဦးအောင်စည် ကြီးကြပ်၍ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာ အေးနှင့် ဝန်ထမ်းများ ဆောင်ရွက် ခဲ့သည့် လမ်းသစ်ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက စမ်းမာလာ ဥယျာဉ်အပန်းဖြေစခန်း၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများနှင့် အညီ ကျင်းပသည်၊၊
အဆိုပါ စမ်းမာလာဥယျာဉ် အတွင်းရှိ ချစ်သူတို့လျှောက်သော လမ်းအရှည်ပေ ၃၀၀၊ အကျယ် ၁၂ ပေနှင့် ထု ခြောက်လက်မရှိသော ကွန်ကရစ်လမ်းကို မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ကုန်ကျစရိတ် ငွေကျပ် ၈၃ သိန်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်၊၊
ပြည်သူ့အပန်းဖြေ စမ်းမာလာ ဥယျာဉ်တွင် လူငယ်များ ပျော်ရွှင် စွာ ကစားနိုင်ရန် ကလေးကစား ကွင်းများကို ခေတ်မီစွာ ဆောင် ရွက်ထားပြီး လူကြီးလူရွယ်များ ကျန်းမာရေး အထောက်အကူပြု ဒုဋ္ဌဝတီမြစ်မှ ဖြတ်သန်းလာ သော လေကောင်းလေသန့်များ ရှူရှိုက်ရင်းဖြင့် လမ်းလျှောက်နိုင် သည့် ချစ်သူတို့လျှောက်သော လမ်းဖြစ်ကြောင်း သိရသည်၊၊
စိုင်း(သီပေါ)