(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်- စစ်တွေ လမ်းပေါ်ရှိ ရာမောင်တံတားဖွင့်ပွဲ ကျင်းပ

 

ရာမောင်တံတားသစ်ကို အသုံးပြု၍ ရန်ကုန်-စစ်တွေလမ်းမှ တစ်ဆင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမှ
စစ်တွေမြို့သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့လည်းကောင်း အလွယ်တကူသွားလာနိုင်မည်

 

နေပြည်တော် ဖေဖော်ဝါရီ ၅

 


(၇၅)  နှစ်မြောက်       စိန်ရတု ပြည်ထောင်စုနေ့   အထိမ်းအမှတ် ရခိုင်ပြည်နယ်    မင်းပြားမြို့နယ် အတွင်း  ရန်ကုန်-စစ်တွေသွား  ကားလမ်းပေါ်တွင်         အသစ်   တည်ဆောက်ပြီးသည့်   ရာမောင် တံတားဖွင့်ပွဲကို    ယနေ့နံနက် ပိုင်းတွင်  ကျင်းပရာ   အခမ်းအနား သို့      နိုင်ငံတော်စီမံ အုပ်ချုပ်ရေး         ကောင်စီဝင်များ   ဖြစ်ကြသည့်      ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊  မန်းငြိမ်းမောင်၊   ဒေါ်အေးနုစိန်၊      ဦးမောင်းဟာ၊ ဆောက်လုပ်ရေး   ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာ   အောင် ကျော်မင်း၊    အနောက်ပိုင်းတိုင်း    စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်      ဒေသခံ ပြည်သူများ      တက်ရောက်ကြ သည်။ 

 


ရှေးဦးစွာ          နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြောက်ဦးခရိုင်  မင်းပြားမြို့နယ် တွင်ရှိပြီး  ၁၂၈၃ ဒသမ ၃ ပေရှည် သည့်  ရာမောင်တံတားကို  ရခိုင် ပြည်နယ်၏ Land Mark အဖြစ် အခြားတံတား       ဒီဇိုင်းများနှင့် မတူဘဲ Steel Box Ginder Type   ပုံစံဖြင့်    တည်ဆောက်ဖွင့်လှစ်   ပေးနိုင်ခဲ့သည့်အတွက်    ဒေသခံ များနှင့်အတူ    ထပ်တူထပ်မျှ ဝမ်းသာ    ကြည်နူးရပါကြောင်း ပြောကြားသည်။

 


အမှာစကားပြောကြား   


ထို့နောက်         နိုင်ငံတော်စီမံ     အုပ်ချုပ်ရေး    ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က    အမှာစကား     ပြောကြားပြီး  ဆောက်လုပ်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးရွှေလေးက      တံတား တည်ဆောက်ရေး   လုပ်ငန်းနှင့် ပတ်သက်၍    ရှင်းလင်းတင်ပြ သည်။ 

 


ယင်းနောက်   ရခိုင်ပြည်နယ် ဝန်ကြီးချုပ်       ဒေါက်တာ  အောင် ကျော်မင်းက     ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်   စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး     ဒေသခံ တစ်ဦးက    ကျေးဇူးတင်စကား ပြောကြားသည်။     ထို့နောက် ဆောက်လုပ်ရေး   ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက    ရာမောင် တံတားဖွင့်ပွဲ    အထိမ်းအမှတ် အမှတ်တရ  လက်ဆောင်အဖြစ် ကျောက်စီပန်းချီကားကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး   တင်အောင်စန်းထံ ပေးအပ်သည်။ 

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဆက်လက်၍        ရာမောင် တံတားသစ်ကြီးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များနှင့်  ဒေသခံပြည်သူတစ်ဦး တို့က   ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေး ကြပြီး ကမ္ပည်း ဆိုင်းဘုတ်အား  နိုင်ငံတော်စီမံ     အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ က    စက်ခလုတ်နှိပ်၍    ဖွင့်လှစ် ပေးသည်။ ထို့နောက်    အဖွဲ့ဝင် များက တံတားပေါ်မှ ဖြတ်သန်း ကြည့်ရှုကြပြီး  ရခိုင်ယဉ်ကျေးမှု အက  အဖွဲ့နှင့်  ရခိုင်စည်တော် အဖွဲ့တို့ကို  ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်ချီးမြှင့်၍   ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး    နှုတ်ဆက် ကြသည်။ 

 


အဆိုပါ     ရာမောင်တံတား သစ်ကြီးကို      မင်းပြားမြို့နယ် အတွင်း လေးမြို့မြစ်ကို  ဖြတ်၍ ဆောက်လုပ်ရေး  ဝန်ကြီးဌာန၊ တံတားဦးစီးဌာန   တည်ဆောက် ရေး(၂)၏ တံတားအထူး အဖွဲ့(၇)က  တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတားအရှည် ၁၂၈၃ ဒသမ ၃ ပေ ရှိ၍ ခန့်မှန်းစီမံကိန်း တန်ဖိုး ငွေကျပ် ၁၂၀၀၀ ဒသမ ၀၀ သန်းဖြစ်သည်။   ယခုဖွင့်လှစ် သည့်   ရာမောင်တံတားသစ်ကို အသုံးပြု၍ ရန်ကုန်-စစ်တွေလမ်း မှ တစ်ဆင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဆင့်  ရသေ့တောင်၊  ဘူးသီး တောင်၊    မောင်တောမြို့များသို့ လည်းကောင်း  အလွယ်တကူသွား လာနိုင်မည်           ဖြစ်သကဲ့သို့ မောင်တောမြို့မှ      တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည် များကို  အလွယ်တကူတင်ပို့နိုင် မည်ဖြစ်သည်။ ထို့ပြင်  မင်းပြားမှ တစ်ဆင့် ပေါက်တောမြို့နှင့် မြေပုံ မြို့တို့သို့  လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်၍ ကုန်စည် စီးဆင်းမှု   မြန်ဆန်လာပြီး  ရခိုင် ပြည်နယ်နှင့် ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊   ပညာရေးအခြေ အနေများ တိုးတက် ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။


 သတင်းစဉ်