တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက အမယ်လေးမျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်  ဖေဖော်ဝါရီ  ၄

 


တပ်မတော်  (ကြည်း၊  ရေ၊ လေ) အရာရှိ၊   စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့်   စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်    ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ   ဆက်ကပ်လှူဒါန်း ခြင်းနှင့်    ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်     (မြောက်ပိုင်း) နောင်ချိုမြို့ရှိ    ကျောက်ကြမ်း ဘုန်းတော်ကြီး    ကျောင်းတိုက်၊ နမ့်ဆန်မြို့ရှိ    မြို့မဂိုဏ်းချုပ် ကျောင်းတိုက်၊    ရှမ်းပြည်နယ် (တောင်ပိုင်း)ခိုလမ်မြို့ရှိ သီရိမင်္ဂ လာ  ကျောင်းတိုက်၊  ကရင်ပြည် နယ် လှိုင်းဘွဲမြို့ရှိ ကျိုက်မုရော တောင် ဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ်      ဘုရားကုန်းကျေးရွာရှိ အောင်စည်တော်ဓမ္မသိုက်တပ်ဦးကျောင်းတိုက်၊       ဧရာဝတီတိုင်း ဒေသကြီး  ပုသိမ်မြို့ရှိ   ချမ်းသာ ကြီးကျောင်းတိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့ရှိ   စပ်စီဘုန်းတော်ကြီး ကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ ဇေယျသုခ        ဘုန်းတော်ကြီး ကျောင်း၊       ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး     မဟာဗောဓိ တပ်ဦးကျောင်း၊   မန္တလေးတိုင်း ဒေသကြီး     အောင်မြေသာဇံမြို့ နယ်    သီရိရတနာကျောင်းတိုက် နှင့်         ပဲခူးတိုင်းဒေသကြီး ပေါင်းတလည်မြို့     ဗြူးကုန်း ကျေးရွာအုပ်စု ကုန်းဇင်းကျေးရွာရှိ သဒ္ဓမ္မမဉ္ဇီဘုန်းတော်ကြီးကျောင်း တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး   အထောက်အကူပြုပစ္စည်း များ၊ နေ့ဆွမ်းများနှင့် လှူဖွယ် ပစ္စည်းများကို       သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်     အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ် လှူဒါန်း ကြသည်။

 


ထို့အပြင်       ရှမ်းပြည်နယ် (မြောက်ပိုင်း)      နမ့်ဆန်မြို့ရှိ မြို့မဂိုဏ်းချုပ်   ကျောင်းတိုက်မှ သံဃာတော်များအား      အရှေ့ မြောက်တိုင်း       စစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ       ဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ   ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်