
ရန်ကုန် ဖေဖော်ဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရန်ကုန်တိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန တာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်ကြသည်။
ပါတီနိုင်ငံရေးကင်းရှင်း
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် လိုက်ပါဆောင်ရွက်ရန် လိုအပ် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်း မှု၊ စည်းလုံးညီညွတ်မှုကို မလိုလား သော ပြည်ဖျက်မီဒီယာများက အစိုးရအပေါ် ပြည်သူများ အထင် အမြင်လွဲမှားအောင် သတင်းမှား များဖြင့် လှုံ့ဆော်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် အမှား အမှန်ခွဲခြားသိရှိနိုင်ရန် လိုအပ် ကြောင်းနှင့် ဝန်ထမ်းများ လုံခြုံရေး အထူးဂရုစိုက်ကြရန်နှင့် နိုင်ငံ တော်မှ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို ဦးစား ပေး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ရောဂါထပ်မံကူးစက်မှုမရှိအောင် ဂရုတစိုက် နေထိုင်ကြရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်း များကိုလည်း လိုက်နာဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် အပေါ် သစ္စာရှိစွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဝန်ထမ်း ကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြော ကြားသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ယင်းနောက် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)