ပြည်သူများ မကျန်းမမာဖြစ်လာလျှင် ကိုယ်ပိုင်ငွေစိုက်ထုတ်ရမှု အနည်းဆုံးဖြင့် အရည်အသွေးပြည့်ဝသည့် ဆေးကုသမှုများ ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၄


ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့်     ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတမြို့  ပြည်သူ့ဆေးရုံကြီး   တိုးချဲ့သုံးထပ် လူနာဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။ 

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး၊  ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်       ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်  ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍    ဖွင့်လှစ်ပေးကြပြီး   ပြည်ထောင်စုဝန်ကြီးက   အဆိုပါ  တိုးချဲ့သုံးထပ် လူနာဆောင်သစ်ဆိုင်းဘုတ်ကို    စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 


ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  ပြည်သူများ မကျန်းမမာ ဖြစ်လာလျှင် ကိုယ်ပိုင်ငွေစိုက်ထုတ်ရမှု အနည်းဆုံး ဖြင့်   အရည်အသွေးပြည့်ဝသည့်  ဆေးကုသမှုများ ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး အခြေခံအဆောက်အဦများ (Health Infrastructure) ဖြစ်သည့် ဆေးရုံ/ဆေးခန်းများ၊ အသစ်ဆောက်လုပ် ရေးနှင့်  အဆင့်မြှင့်တင်ရေး၊   ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာ ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ  ပြည့်စုံ လုံလောက်လာစေရေးစသည့် အခြေခံများ ခိုင်မာ အားကောင်းလာစေရေးအတွက်   အဘက်ဘက်မှ ဆောင်ရွက်လျက်ရှိကြောင်း။

 


ကျန်းမာရေးဝန်ကြီးဌာနသည်  ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်စေ ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု၊ တိုင်းဒေသ ကြီး ပြည်သူလူထု၏ လိုအပ်ချက်နှင့်အညီ ဘဏ္ဍာငွေ  ရရှိမှုအပေါ်မူတည်၍ ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အဦများဖြစ်သည့် ဆေးရုံ/ဆေးခန်းများ တည်ဆောက်ခြင်းနှင့် တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဆေးရုံ တိုးချဲ့ဆောင်များ တည်ဆောက်ခြင်း၊  ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆေးရုံအုပ်ကြီးဒေါက်တာ ဌေးဌေးလှိုင်က   ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ် သူနာပြုသင်တန်းကျောင်းသို့   သွားရောက်ကာ သင်တန်းသားများ သင်တန်းတက်ရောက်နေမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က ချီးမြှင့်ငွေများပေးအပ်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ် ဦးအောင် မြတ်ကျော် တန်ဆောင်းရှိ ကာကွယ်ဆေးထိုးစုရပ်တွင် Sputnik Light ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို  ကြည့်ရှုအားပေးကြသည်။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ကာကွယ် ဆေး လွှမ်းခြုံမှု ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ဟင်္သာတ ခရိုင်အနေဖြင့် ဖေဖော်ဝါရီ ၃ ရက်အထိ ကာကွယ် ဆေး လွှမ်းခြုံမှု ၆၄ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

 


မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည်  တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံ ကြီး အစည်းအဝေးခန်းမ၌ အထူးကုဆရာဝန်ကြီးများ နှင့်တွေ့ဆုံပြီး   လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ဒူးယား မြို့နယ်ရှိ ဆောက်လုပ်ဆဲဖြစ်သော အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အဆောက်အဦကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်ရန် မှာကြားသည်။ 
ယင်းနောက်  ပြည်ထောင်စုဝန်ကြီးသည် ဒူးယား တိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး  ဆေးကုသမှုလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး ကာ ချီးမြှင့်ငွေများ ပေးအပ်သည်။ 

 


ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီး သုံးထပ်တိုးချဲ့ လူနာဆောင်သစ် ဖွင့်လှစ်လိုက်ခြင်းဖြင့် ဟင်္သာတ  ဒေသခံပြည်သူများအတွက်သာမက ဧရာဝတီတိုင်း ဒေသကြီးအတွင်း နေထိုင်ကြသည့်  ပြည်သူများ အတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးလာနိုင် မည်ဖြစ်ကြောင်း သိရသည်။                

 

သတင်းစဉ်