(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုကြိုဆို ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲ ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ  ၄


(၇၅)  နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကို          ဂုဏ်ပြု ကြိုဆိုသောအားဖြင့်     ဧရာဝတီ တိုင်းဒေသကြီး   အခြေခံပညာ ကျောင်းပေါင်းစုံ   ကျောင်းသား အားကစားပြိုင်ပွဲ  ဖွင့်ပွဲကို  ယမန် နေ့က  ပုသိမ်မြို့  ကိုးသိန်းအားကစား ခန်းမ၌   ပြုလုပ်ရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်    ဦးတင်မောင်ဝင်း၊   အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် အောင်အောင် နှင့်     ဌာနဆိုင်ရာတာဝန်ရှိသူများ၊      ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က    အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊        တိုင်းမှူးနှင့် တက်ရောက်  လာကြသူများက  ကျောင်းသား  အားကစားပြိုင်ပွဲ   အဖွင့်ပွဲစဉ်များ        ဖြစ်သည့် အမျိုးသား  ဘော်လီဘောပြိုင်ပွဲ တွင်    မအူပင်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်း၊  အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင်   ပုသိမ် ခရိုင်အသင်းနှင့် မြောင်းမြခရိုင် အသင်းတို့၏   ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။

 


အဆိုပါ       ကျောင်းသား အားကစားပြိုင်ပွဲတွင် ခရိုင်ခြောက် ခုမှ အမျိုးသား  ခြောက်သင်း၊ အမျိုးသမီး  ခြောက်သင်းတို့က ဖေဖော်ဝါရီ  ၅ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်     ဖြစ်ကြောင်း သတင်းရရှိသည်။      

 

သတင်းစဉ်