
နေပြည်တော် ဖေဖော်ဝါရီ ၃
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် “မောင်ရေခဲ/ မရွှေဖဲနှင့် အာဆီယံခရီးသွား” အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ကြိုးပမ်းဆောင်ရွက်နေ
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က အခြေခံပညာမူလတန်း မြန်မာစာသင်ခန်းစာ များတွင် ဒေါက်တာမောင်ဖြူး၏ “မောင်ရေခဲနှင့် မရွှေဖဲ” ကဗျာများကို ပြဋ္ဌာန်းခဲ့ဖူးပါကြောင်း၊ အဆိုပါကဗျာများတွင် ခရီးသွားလုပ်ငန်း၏ အခြေခံ သဘောသဘာဝများ ပါဝင်နေခြင်းကြောင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရာတွင် ယခုခေါင်းစဉ်အား ပေးခဲ့ ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံအသီးသီးက ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်း ဆောင်ရွက်နေကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအနေဖြင့်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးရန် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေး များနှင့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်−၂၀၂၂ ကို ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံ ပရီဆီဟာနုပြည်နယ်တွင် ကျင်းပခဲ့ရာ မိမိ ဦးဆောင်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ကြောင်း။
မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွား ဝန်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးအတွက် လေကြောင်းလိုင်း များ ပျံသန်းနိုင်ရေး၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတိုးမြှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားဆက်စပ်ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်−၂၀၂၂ သို့ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပါဝင်တက်ရောက်ခဲ့မှု၊ ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လုပ်ငန်းဖြစ်ပေါ်နေမှုနှင့် မြန်မာနိုင်ငံအား အာဆီယံ နှင့် ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် မြှင့်တင် ကြော်ငြာရာတွင် အစိုးရ−ပုဂ္ဂလိက−ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မှုတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နေမှု၊ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အဖွဲ့ လေးဖွဲ့ခွဲ၍ အာဆီယံခရီးသွားလုပ်ငန်း အရည်အသွေး မြှင့်တင်ရေး၊ အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး၊ အာဆီယံခရီးသွားလုပ်ငန်းမူဝါဒ လမ်းညွှန်ချက်များနှင့် အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရေး စသည့် ခေါင်းစဉ်လေးခုဖြင့် အဖွဲ့လိုက်ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဝိုင်းဖွဲ့ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများ အပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ သဘာပတိက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များ အပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက် ကိုယ်စားပြုသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်