စိုက်ပျိုးရေးသိပ္ပံများတွင် မွေးမြူရေးဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်သွားမည်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၃


မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသာမက မွေးမြူရေး ကဏ္ဍပါ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင်  မွေးမြူရေး  ဒီပလိုမာသင်တန်း များကို   တိုးချဲ့ဖွင့်လှစ်ရန်  စီမံဆောင်ရွက်လျက်ရှိ ကြောင်း  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

 


“တိုင်းဒေသကြီးနဲ့  ပြည်နယ်အလိုက်  ဖွင့်လှစ် ထားတဲ့  စိုက်ပျိုးရေးသိပ္ပံကျောင်း  ၁၅  ကျောင်းရှိပါ တယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကနဦးအနေနဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်း  သုံးကျောင်းမှာ  မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို      တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါပြီ။ စိုက်ပျိုးရေးသိပ္ပံ  ပျဉ်းမနား၊  ပုသိမ် ကြီးနဲ့ ဟဲဟိုးတို့ဖြစ်ပါတယ် ” ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြော ကြားသည်။

 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်    ကျောင်းသုံး ကျောင်းအတွက်လိုအပ်သည့်     စာသင်ဆောင်၊ အိပ်ဆောင်၊ လက်တွေ့ဆောင်၊ Mini Laboratory ၊ တိရစ္ဆာန်များအတွက် အစာဂိုဒေါင်၊ တိရစ္ဆာန်များ ထိန်းသိမ်းရန်အတွက်  ခြံလုပ်သားဝန်ထမ်းအိမ်ရာ၊ သင်ကြားရေး  အထောက်အကူပြု  တိရစ္ဆာန်များ၊ မွေးမြူရေးခြံများနှင့်  စားကျက်စိုက်ပျိုးရေးလုပ်ငန်း များကို  စီမံထားရှိကာ  ကျောင်းတစ်ကျောင်းလျှင် ဝက်  ၁၀ ကောင်၊  နို့စားနွား   ၅  ကောင်၊ အသားတိုး နွား  ၅  ကောင်၊   ဆိတ်  ၁၅  ကောင်၊  ဥစားကြက် အကောင်  ၅၀၀ ၊  အသားစားကြက်   ၅၀၀  ၊ ငါးသား ပေါက်အကောင်  ၃၀၀၀   မွေးမြူ ထားရှိပြီးဖြစ်သည်။ 

 


စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ   စိုက်ပျိုးရေးသိပ္ပွံ ကျောင်းများတွင်   ပညာသင်နှစ်အလိုက်  မွေးမြူရေး ဒီပလိုမာသင်တန်းများ    တိုးချဲ့ဖွင့်လှစ်ရန်   စီမံ ဆောင်ရွက်ရာတွင်  ၂၀၂၂-၂၀၂၃   ပညာသင်နှစ်၌ စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ)၊  စိုက်ပျိုးရေးသိပ္ပံ  (သာ ယာဝတီ)၊ စိုက်ပျိုးရေးသိပ္ပံ (သထုံ)၊  စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၊    စိုက်ပျိုးရေးသိပ္ပံ    (ဇွဲကပင်)နှင့် စိုက်ပျိုးရေးသိပ္ပံ  (ကျောက်တော်)တို့ကို ဖွင့်လှစ်သွား မည်ဖြစ်သည်။

 


ထို့အတူ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စိုက်ပျိုး ရေးသိပ္ပံ (မြောင်းမြ)၊   စိုက်ပျိုးရေးသိပ္ပံ  (ရွှေဘို)၊ စိုက်ပျိုးရေးသိပ္ပံ   (ဒီးမော့ဆို)၊   စိုက်ပျိုးရေးသိပ္ပံ (လုံပီး)၊  စိုက်ပျိုးရေးသိပ္ပံ  (ထားဝယ်)၊  စိုက်ပျိုးရေး သိပ္ပံ  (ဟုမ္မလင်း)တို့ကို ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

မွေးမြူရေးဒီပလိုမာသင်တန်းကို  ဒေသတွင်း မွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော  အလယ်အလတ်အဆင့်  မွေးမြူရေး ပညာရှင်များ   မွေးထုတ်ပေးရန်၊    တစ်ပိုင်တစ်နိုင် မွေးမြူသူများနှင့်     မွေးမြူရေးပုဂ္ဂလိကလုပ်ငန်းရှင် များ၏  မွေးမြူထုတ်လုပ်မှုများအတွက်  လိုအပ်လျက် ရှိသော မွေးမြူရေးပညာရှင်များ ဖြည့်ဆည်းပေးရန် နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူပြု ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

 


မွေးမြူရေးဒီပလိုမာ     သင်တန်းဖွင့်လှစ်မည့် ကျောင်းတစ်ကျောင်းတွင်     ကျောင်းသား  ၂၅  ဦး၊ ကျောင်းသူ ၂၅ ဦး၊ စုစုပေါင်း ၅၀ လက်ခံသင်ကြား ပေးသွားမည်ဖြစ်သည်။    သင်တန်းကာလမှာ  သုံးနှစ် ဖြစ်ပြီး     သင်တန်းပြီးမြောက်ပါက   မွေးမြူရေး  ဒီပလိုမာ  Diploma in Animal Husbandry (Dip.AH) ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

 


မွေးမြူရေးဒီပလိုမာသင်တန်းမှ      ထူးချွန် ကျောင်းသား   ကျောင်းသူများအနေဖြင့် မွေးမြူရေး ဆိုင်ရာ   ဆေးတက္ကသိုလ်   လေးနှစ်သင်တန်းဖြစ်သည့် မွေးမြူရေးသိပ္ပံဘွဲ့   Bachelor of Animal Science (B.A.Sc)သို့ ပေါင်းကူးတက်ရောက်ရန် ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ အောင်မြင် ပါက   (B.A.Sc) သင်တန်း၊   တတိယနှစ်မှ  စတင် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

 


“အခု    ကျွန်တော်တို့   စီမံဆောင်ရွက်ထားတဲ့ အနေအထားက ကျောင်းတက်မယ်ဆိုရင် စိုက်ပျိုးရေး ဘက်ပဲ တက်တက်၊  မွေးမြူရေးဘက်ပဲ  တက်တက် ကျောင်းတက်တဲ့အချိန်မှာ နိုင်ငံတော်ကကျောင်းသား တစ်ဦးကို  ငွေကျပ်သုံးသောင်း  ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။  ပြီးတော့ Scholarship တွေပေးနိုင်ဖို့ လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သင်ရိုးညွှန်း တမ်းတွေကိုတော့   မွေးမြူရေးဆိုင်ရာ ဆေးတက္က သိုလ်နဲ့ညှိနှိုင်းပြီး   ရေးဆွဲပြင်ဆင်ထားရှိပြီး   ဖြစ်ပါ တယ်” ဟု   စိုက်ပျိုးရေးဦးစီးဌာန   ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။  

သန်းမင်းအောင်(သတင်းစဉ်)