နိုင်ငံ့စီးပွားရေး ခိုင်မာတောင့်တင်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေများ ခိုင်မာအားကောင်းရန်လိုအပ်

 

နေပြည်တော်    ဖေဖော်ဝါရီ    ၃


မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၂)  ပုံမှန်အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု    ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာပွင့်ဆန်းက နိုင်ငံ့စီးပွားရေး ခိုင်မာတောင့်တင်း စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ဥပဒေများ ခိုင်မာ အား ကောင်းရန်လိုအပ်ပါကြောင်း၊ ဥပဒေကို     စတင်ရေးဆွဲခဲ့သည့် အချိန်နှင့် လက်ရှိအချိန်တို့အကြား ပကတိအခြေအနေနှင့် လိုက်လျော ညီထွေ        ဖြစ်စေရေးအတွက် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါက ကုန်သွယ်မှုနှင့်   ရင်းနှီး မြှုပ်နှံမှု         ဖွံ့ဖြိုးတိုးတက်ရေး အတွက်   များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။

 


ယခုအခါ   အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင်    ယှဉ်ပြိုင်မှုဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းပြီး အကောင် အထည်ဖော်     ဆောင်ရွက်လျက် ရှိရာ   အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အစည်း များနှင့်    ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊    အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏     ယှဉ်ပြိုင်မှုဥပဒေများ အကြား မတူကွဲပြားမှုများ၊ တူညီမှု အခြေအနေများကို      လေ့လာ ကြည့်ရှုပြီး  မိမိတို့ကော်မရှင်အနေ ဖြင့်      ကြုံတွေ့ခဲ့သော    အတွေ့ အကြုံများမှတစ်ဆင့်    ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်း အစီ အစဉ်များကိုလည်း     ဝိုင်းဝန်း အကြံပြု     ဆွေးနွေးပေးစေလိုပါ ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်  ယခင် (၁/၂၀၂၁)ပုံမှန်အစည်းအဝေး  ဆုံးဖြတ်ချက် များအပေါ်     ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၁ ခုနှစ်အတွင်း   ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု၊    အာဆီယံ ဒေသတွင်းနိုင်ငံများရှိ   ယှဉ်ပြိုင် မှု   အာဏာပိုင်အဖွဲ့အစည်းများ   နှင့်      ပူးပေါင်းဆောင်ရွက်နေမှု၊ ကော်မရှင်က   ဆက်လက်ဆောင် ရွက်မည့်   လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍    ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင် များက ဖြည့်စွက်ဆွေးနွေးကြသည်။ 

 


အစည်းအဝေးသို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်    ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအဖွဲ့မှ   တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။              

 သတင်းစဉ်