စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ဖျော်ဖြေရေးကဏ္ဍတွင် ပါဝင်ဆင်နွှဲကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၃


(၇၅)     နှစ်မြောက်     စိန်ရတု   ပြည်ထောင်စုနေ့ အခမ်းအနား တွင်         တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြမည့် တိုင်းဒေသကြီး နှင့်  ပြည်နယ်များမှ တိုင်းရင်းသား       ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ များသည်    ယနေ့     နံနက်ပိုင်းမှ     စတင်၍ နေပြည်တော်ကောင်စီ   နယ်မြေ          ဇမ္ဗူသီရိမြို့နယ်ရှိ     အားကစား လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိကြသည်။

 


ထိုသို့ ရောက်ရှိလာကြသည့် တိုင်းရင်းသား     ယဉ်ကျေးမှု ကိုယ်စားလှယ်       အဖွဲ့များကို စိန်ရတုပြည်ထောင်စုနေ့ ကြိုဆို နေရာချထားရေး၊ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး  ဆပ်ကော်မတီ၊  ပြန်ကြားရေးဆပ်ကော်မတီတို့မှ  တာဝန်ရှိသူများ၊     တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အနုပညာဦးစီး ဌာနက   အိုးစည်၊    ဒိုးပတ်ဝိုင်း များဖြင့်  ကြိုဆိုကြပြီး သတ်မှတ် ထားသည့်      တည်းခိုဆောင်များ အလိုက် နေရာချထားရေးကို စီစဉ် ဆောင်ရွက်ပေးကြသည်။

 


စိန်ရတု    ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု     အကများဖြင့် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားအဖွဲ့များမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၃၉ ဦး၊ ကချင်ပြည်နယ်မှ ၃၃ ဦး၊ ကယား ပြည်နယ်မှ ၂၈ ဦး၊ ကရင်ပြည် နယ်မှ     ၄၀၊     ချင်းပြည်နယ်မှ ၃၇   ဦး၊  မွန်ပြည်နယ်မှ  ၃၄  ဦး၊ ရခိုင်ပြည်နယ်မှ ၃၅ ဦးနှင့် ရှမ်း ပြည်နယ်မှ   ၃၉   ဦး   စုစုပေါင်း ၂၈၅     ဦးတို့ဖြစ်ပြီး    ယနေ့တွင် ခေတ္တတည်းခိုမည့်     အားကစား လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ ကြသည်။ 

 


ပြန်ကြားရေးဝန်ကြီးဌာနက  တိုင်းရင်းသား      ယဉ်ကျေးမှု ကိုယ်စားလှယ်     အဖွဲ့ဝင်များ အနားယူနေချိန်အတွင်း     သုတ၊ ရသ၊   ကဏ္ဍစုံလင်စွာ   ပါဝင်သည့် စာအုပ်၊ စာပေများ ဖတ်ရှုနိုင်သည့် စာကြည့်တိုက်နှင့်    စာပေဗိမာန် စာအုပ်အရောင်းဆိုင်ကို အုပ်ချုပ်မှု အဆောင်၌   ဖွင့်လှစ်ထားသည့် အပြင်    ကျန်းမာရေးဝန်ကြီးဌာန ကလည်း   ကိုယ်စားလှယ်အဖွဲ့ဝင် များ  ကျန်းမာရေး  တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက    ကျန်းမာရေး စောင့်ရှောက်မှုများ    ပေးနိုင်ရန် အတွက် ဆေးခန်းနှင့် တိုင်းရင်း ဆေးခန်းတို့   ဖွင့်လှစ်ထားသည် ကိုလည်း တွေ့ရသည်။ 


သတင်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကြီးထိန်