
နေပြည်တော် ဖေဖော်ဝါရီ ၃
စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် တိုင်းရင်းသားရိုးရာ အစားအသောက် ရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးတက္ကသိုလ်များ တွင် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ လာရောက်၍ ပညာ သင်ယူနေကြသည့် မောင်တို့ မယ်တို့အနေဖြင့် တိုင်းပြည် စီးပွားရေး၏ အခြေခံအုတ်မြစ် ဖြစ်သော လယ်ယာကဏ္ဍဖွံ့ဖြိုး ရေးကို အနာဂတ်ကာလတွင် ပခုံးပြောင်း တာဝန်ယူကြရမည့် သူများဖြစ်သည့် အားလျော်စွာ ပြည်သူများ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့ နေနိုင်ရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြု၍ အရည်အသွေးပြည့်ဝ သော စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင် ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ ဆင်းရဲ ချမ်းသာကွာဟမှုကို ကျဉ်းမြောင်း စေရေးကိုပါ မျှော်မှန်းကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။
လက်ရေတစ်ပြင်တည်း
အခမ်းအနားသို့ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက် ကြပြီး တိုင်းရင်းသားရိုးရာအစား အစာများကို လက်ရေတစ်ပြင် တည်း ပျော်ရွှင်စွာ စားသုံးခဲ့ကြ သည်။
စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျင်းပသော အဆိုပါအခမ်း အနားအား စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်များတွင် ပညာသင်ယူ နေကြသည့် ကျောင်းသားကျောင်း သူများ အချင်းချင်းရင်းနှီးခင်မင်မှု ပိုမိုရရှိစေရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားများ၏ ရိုးရာ အစားအစာများကို သိရှိလေ့လာ နိုင်ကြစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ပြီး ကံစမ်းမဲများဖောက်၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းအပါအဝင် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခဲ့ကြောင်း သိရ သည်။
သတင်းစဉ်