နမ္မတူတွင် တိုင်းရင်းသားပြည်သူ ၁၅၀၀၀ နီးပါးအား ကိုဗစ်ကာကွယ်ဆေးထိုးပြီးဖြစ်

 

နမ္မတူ      ဖေဖော်ဝါရီ    ၂


ရှမ်းပြည်နယ်    မြောက်ပိုင်း    နမ္မတူ မြို့နယ်   ကိုဗစ်- ၁၉  ရောဂါ  ကာကွယ် ထိန်းချုပ်ရေး       ကော်မတီအနေဖြင့်   ဦးတည်အုပ်စုများအလိုက်  ကိုဗစ်- ၁၉  ရောဂါ   ကာကွယ်ဆေးများ   ထိုးနှံပေး လျက်ရှိရာ   ဇန်နဝါရီ   ၃၁  ရက်အထိ အသက်၁၈ နှစ်နှင့်အထက် တိုင်းရင်း သားပြည်သူ  ၁၄၄၂၁ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးပြီး ကာကွယ် ဆေးလွှမ်းခြုံမှု  ၅၈ ဒသမ ၄၆ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ်    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ် ရေးမှူး   ဦးဝင်းမင်းထွန်း  ထံမှ     သိရ သည်။

 


ကာကွယ်ဆေးများ  ထိုးနှံပေးရာ တွင် မြို့နယ်အတွင်း စုရပ် (၅)နေရာခွဲ၍ Sinopharm၊ Sinovac နှင့် CoviShield   အမျိုးအစား ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းဖြစ်ကြောင်း   မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်  ကုသရေးဦးစီးဌာနမှ    တာဝန်ရှိသူတစ်ဦးက ပြောသည်။

 


နမ္မတူမြို့နယ်တွင် ကာကွယ်ဆေး နှစ်ကြိမ်  ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၃၀၆  ဦး၊  ကျောင်းသား ကျောင်းသူ  ၁၀၉၂  ဦး၊  ကာကွယ်ဆေး  တစ်ကြိမ်    ထိုးနှံ ပြီးသည့်   ဒေသခံပြည်သူ   ၅၉၃၁ ဦးနှင့် ကျောင်းသား  ကျောင်းသူ ၉၂ ဦး   စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့်    တိုင်းရင်းသား ပြည်သူများနှင့်  ကျောင်း သား  ကျောင်းသူ ၁၄၄၂၁ ဦးရှိကြောင်း သိရသည်။        

လူမော် (ပြန်/ဆက်)