သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂


သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family  Quiz) ပွဲစဉ်အမှတ်(၅၂)ကို ဖေဖော်ဝါရီ  ၄  ရက် တွင် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ ပွဲစဉ်အမှတ်(၅၂)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို တေးသံရှင် ရဲထိုက်နှင့် MRTV မှ ဆုမြလှိုင် တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင် တော်အသင်းနှင့်   ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၄၊ ၅၊ ၆၊ ရက်များတွင်    မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား   MRTV HD မှ ညနေ ၆  နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။                         

သတင်းစဉ်