အင်တာနက်ဒေတာကုန်ကျမှု သက်သာစေမည့် အကြံပြုချက်ခြောက်ခုကို တယ်လီနောထုတ်ပြန်

 

ရန်ကုန် ဖေဖော်ဝါရီ  ၂


ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ  ဆင်းကတ်အသစ်ကို စတင်အသုံးပြု နိုင်ရန် ဝန်ဆောင်ခနှင့် အင်တာနက်ဒေတာသုံးစွဲမှုအတွက် ဝန်ဆောင်ခ နှုန်းထားများ မြင့်တက်လာရာ ဒေတာကုန်ကျမှုသက်သာစေမည့် အကြံပြု ချက်ခြောက်ခုကို တယ်လီနောမြန်မာက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ် ပြန်ခဲ့သည်။ ယင်းအချက်များမှာ

မိမိရှိပြီးသားဆင်းကတ်ကို ဂရုတစိုက်ဖြင့် ဆက်လက်သုံးစွဲရန်

အသစ်ပြဌာန်းလိုက်သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ကို   ပြင်ဆင်သည့်ဥပဒေနှင့် ယခင်ပြဌာန်းပြီးသားဖြစ်သည့် သက်သေခံ ကတ်ပြားတစ်ခုလျှင် မှတ်ပုံတင်နိုင်သည့် ဆင်းကတ်အရေအတွက် ကန့်သတ်ချက်ကြောင့် ဆင်းကတ်အသစ်များ ဝယ်ယူမည့်အစား လက်ရှိ ဆင်းကတ်ကိုသာ ဆက်လက်အသုံးပြုရန်။ 
ဒေတာအတွေ့အကြုံကို အကောင်းဆုံး ရယူရန် 
အော်ပရေတာများကြား ဒေတာအသုံးပြုခ ဈေးနှုန်းကွာဟမှု နည်းပါး လာသောကြောင့်   ဒေတာအတွေ့အကြုံ   အကောင်းဆုံးရရှိရေးသည် သုံးစွဲသူများအတွက် ပိုမိုအရေးပါလာသဖြင့် အော်ပရေတာ ရွေးချယ် အသုံးပြုရန်နှင့်  ကွန်ရက်ကောင်းသောနေရာမှ အသုံးပြုရန်။ 
ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုကို တတ်နိုင်သမျှ အသုံးပြုရန် 
အင်တာနက်မှ ဗီဒီယိုကောလ် ခေါ်ဆိုခြင်းများအစား  ဈေးနှုန်းပိုမို သက်သာလာသည့် ပုံမှန်ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပေးပို့မှုများကို ပြောင်းသုံးရေး   စဉ်းစားရန်၊   တယ်လီနောအသုံးပြုသူများအနေဖြင့် မကြာမီက တယ်လီနောမြန်မာက မိတ်ဆက်ခဲ့သည့် အင်တာနက်မလိုဘဲ အုပ်စုဖွဲ့ စာပေးပို့နိုင်သည့် စာတိုစကားဝိုင်း(SMS Sagar Wine) ဝန်ဆောင် မှုနှင့် Voice Conference Call ဝန်ဆောင်မှုများကို အသုံးပြုရန်။
တိုက်ရိုက်နားဆင်/ကြည့်ရှုသည့်အစား ဒေါင်းလုပ်ပြုလုပ်ရန် 
အွန်လိုင်းမှ သီချင်းနှင့် ဗွီဒီယိုများ တိုက်ရိုက် နားထောင်/ကြည့်ရှု ခြင်းအစား WiFi ရရှိစဉ်တွင် ဒေါင်းလုပ်ပြုလုပ်ထားရန်နှင့် ဈေးနှုန်း သင့်တင့်ပြီး တည်ငြိမ်သည့်အမြန်နှုန်းရှိကာ သတ်မှတ်ချက်များနှင့်အညီ ဒေတာအကန့်အသတ်မရှိ သုံးနိုင်မည့် တယ်လီနော Home အင်တာနက် ကဲ့သို့ အင်တာနက်လိုင်းများကို အသုံးပြုရန်။  
အော်တိုဒေါင်းလုပ်များနှင့် နောက်ကွယ်တွင် ဒေတာအသုံးပြုသည့် 
အက်ပ်များကို ပိတ်ထားရန် 
ဒေတာကုန်ကျမှုနည်းစေရန် အက်ပ်များ၏ ဒေတာအသုံးပြုမှုကို စစ်ဆေးပြီး နောက်ကွယ်တွင် ဒေတာအသုံးပြုမရအောင် ပိတ်ထားရန်၊ အက်ပ်များကို  ဗားရှင်းမြှင့်တင်သည့်အခါ   ဝိုင်ဖိုင်ဖြင့်သာ  ပြုလုပ်ရန် ရွေးထားခြင်းဖြင့် မလိုအပ်သည့် ဒေတာအသုံးပြုမှုကို လျှော့ချရန်။
GPS နှင့် အရေးမကြီးသည့် notifications များကို ပိတ်ထားရန် 
ဖုန်းများပေါ်မှ  တည်နေရာပြဝန်ဆောင်မှုများနှင့် notifications များသည်  မိုဘိုင်းဒေတာများကို  မသိလိုက်ဘဲ  ကုန်ဆုံးစေနိုင်သဖြင့်  ဒေတာအသုံးပြုမှု လျော့ကျစေရန်အတွက် ဖုန်း၏ GPS နှင့်   အရေး မကြီးသော အက်ပ်များမှ notifications များကို ပိတ်ထား၍ အရေးကြီး သည့် အက်ပ်များအတွက်သာ notification ကို ဖွင့်ထားရန် စသည့် အချက်များဖြစ်သည်။                                                        

ကိုစိုး