ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီးအသင်း တံခွန်စိုက်ဖလားဆုဆွတ်ခူး

 

ရန်ကုန်  ဖေဖော်ဝါရီ   ၂


၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ နှင့်   ဆုချီးမြှင့်ပွဲအခမ်းအနားကို  ဖေဖော် ဝါရီ ၁ ရက်က  ရန်ကုန်မြို့ အင်းလျားကန်ရှိ  မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပ ရာ  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊  တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်  ညွန့်ဝင်းဆွေ၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြည့်ရှုအားပေးသည်။

 


နံနက်ပိုင်းတွင် မီတာ ၂၀၀ ပွဲစဉ်များ ဖြစ်သည့် အမျိုးသား (၇) တက်လှော် ပြိုင်ပွဲ၊ အမျိုးသမီး (၇) တက်လှော်ပြိုင်ပွဲ၊ အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုး သမီး(၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (Mixed) (၁၀) တက်လှော် ပြိုင်ပွဲများကို ကျင်းပပြီး ဗိုလ်လုပွဲစဉ်များ ကို  ညနေပိုင်းတွင်  ဆက်လက်ကျင်းပ သည်။

 


ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီးမီတာ ၂၀၀ (၇)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ (၇) တက်လှော်ပြိုင်ပွဲ ၊ အမျိုးသမီး မီတာ ၅၀၀ (၇)တက်လှော် ပြိုင်ပွဲ၊ အမျိုးသား မီတာ ၅၀၀(၇)တက်လှော်ပြိုင်ပွဲ၊ အမျိုး သမီးမီတာ ၂၀၀ (၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ (၁၀)တက်လှော် ပြိုင်ပွဲ၊  အမျိုးသမီး  မီတာ ၅၀၀ (၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၅၀၀ (၁၀)  တက်လှော်ပြိုင်ပွဲ၊   အမျိုးသား+ အမျိုးသမီး(Mixed) မီတာ ၂၀၀ (၁၀)  တက်လှော်ပြိုင်ပွဲ၊   အမျိုးသား+အမျိုး သမီး(Mixed)မီတာ ၅၀၀ (၁၀)တက်လှော် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော  အသင်းများ အား   ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများက  ဆုများ ချီးမြှင့်သည်။

 


ဆက်လက်၍     ရွှေတံဆိပ်  နှစ်ဆု၊ ငွေတံဆိပ် နှစ်ဆုဖြင့် အမျိုးသမီးတံခွန် စိုက်ဒိုင်းရရှိသွားသော   ရန်ကုန်တိုင်း ဒေသကြီးအသင်း၊  ရွှေတံဆိပ်  သုံးဆု၊   ငွေတံဆိပ် တစ်ဆုဖြင့် အမျိုးသားတံခွန် စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသ ကြီးအသင်း၊  ရွှေတံဆိပ်     ခုနစ်ဆု၊ ငွေတံဆိပ်  သုံးဆုတို့ဖြင့်  စုပေါင်းတံခွန် စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသ ကြီးအသင်းတို့အား   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆုများပေးအပ် ချီးမြှင့်သည်။

 


၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး     ရိုးရာလှေလှော်ပြိုင်ပွဲတွင် မီတာ ၂၀၀/ ၅၀၀ (၇)တက်လှော်ပြိုင်ပွဲများ တွင်    ဆုရရှိသော   အသင်းများအား ဆုတံဆိပ်များနှင့်အတူ  ပထမရရှိသော အသင်းအား    ငွေကျပ်     ငါးသိန်း၊ ဒုတိယဆုရရှိသော      အသင်းအား  ငွေကျပ်    သုံးသိန်း၊    တတိယဆုရရှိသော အသင်းအား   ငွေကျပ်    နှစ်သိန်းနှုန်း၊ မီတာ ၂၀၀/၅၀၀/ Mixed (၁၀)တက် လှော်ပြိုင်ပွဲများတွင် ဆုရရှိသောအသင်း များအား ဆုတံဆိပ်များနှင့်အတူ ပထမ ရရှိသော အသင်းအား   ငွေကျပ်  ၁၀ သိန်း၊ ဒုတိယဆုရရှိသော အသင်းအား ငွေကျပ်    ခုနစ်သိန်း၊   တတိယဆုရရှိ သော  အသင်းအား   ငွေကျပ်   ငါးသိန်း နှုန်းဖြင့်လည်းကောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။                          

အာကာစိုး