
အိမ်မဲ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ မြို့နယ် မာလကာကုန်း (အရှေ့စု)ကျေးရွာတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ် သွယ်ရေတိုင်စနစ် သွယ်တန်းခြင်း နှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းက အမှာ စကားပြောကြားပြီး (၇၅) နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မာလကာကုန်း (အရှေ့စု)ကျေးရွာ တွင် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းနှင့် ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းဖွင့်ပွဲ အခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် တာဝန်ရှိသူများကအမြင့်တင်ရေစင်အား အမွှေးနံ့သာ ရည် ပက်ဖျန်းပေးပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည် တော်များက အိမ်သွယ်ရေတိုင် စနစ် သွယ်တန်းခြင်းနှင့် ကျေးရွာ တွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ လုပ်ငန်းများသည် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံ ကိန်းဖြစ်သော (VDP)ထောက်ပံ့ ငွေကျပ်သိန်း ၁၀၀ ၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁၀ သိန်း စုစု ပေါင်း ငွေကျပ်သိန်း ၁၁၀ ဖြင့် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်း ခြင်း အရှည် ပေ ၁၄၅၀ ၊ နှစ်လက်မ ပိုက်နှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း လမ်းအရှည် ၆၆၇ ပေ၊ လမ်းအကျယ် ခြောက်ပေ၊ ထု ခြောက်လက်မရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အနော်ရထာလမ်းသစ် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ရာ တာဝန်ရှိသူများ က လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)