
လဟယ် ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ က လဟယ်မြို့ ရွှေပြည်သာ အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားသမား များက အားကစားအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်း သူက အမှာစကားပြောကြားကာ အသင်းလိုက် အားကစားသမား များကို လိုက်လံနှုတ်ဆက် သည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲ အနေဖြင့် ဘောလုံးပြိုင်ပွဲ၊ ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော အမျိုးသား/ အမျိုးသမီးများ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားသို့ နာဂဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်း သူ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ ဌာနဆိုင်ရာများနှင့် အားကစား သမားများ တက်ရောက်ကြောင်း သိရ သည်။
မွှေးကြူဇင်