မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိစေရေးနှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာ ရပ်တည်နိုင်ရေး လုပ်ဆောင်ပေးကြရမည်

နေပြည်တော်   ဖေဖော်ဝါရီ    ၁


(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  


တက်ရောက်ဖွင့်လှစ်ပေးသည်။


အခမ်းအနားသို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့်        ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊   မန်းငြိမ်းမောင်၊  ဒေါ်အေးနုစိန်၊         ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊  ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊     တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊   နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ကြိုဆိုနှုတ်ဆက်


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်း များ၊ အနုပညာရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများက    ကြိုဆိုနှုတ်ဆက် ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတု ပြတိုက်အား  စက်ခလုတ်နှိပ်  ဖွင့်လှစ် ပေးပြီး    ပြတိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူ များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတု ပြတိုက် Mini Theatre  အတွင်း၌ MRTV စိန်ရတုပြတိုက်ဆီသို့ Video Clip ကို    ကြည့်ရှုကြပြီး    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က စိန်ရတုပြတိုက်  ဖွင့်ပွဲအထိမ်းအမှတ် တံဆိပ်ကို ဂါရဝပြုပေးအပ်သည်။


 လှည့်လည်ကြည့်ရှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်      စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ    ခေတ်အဆက် အဆက် အသုံးပြုခဲ့သည့် အဆောက်အအုံ ပုံစံငယ်များနှင့် တာဝါပုံစံငယ်များ၊ ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်းဆိုင်ရာ စက်ပစ္စည်း များနှင့်  မော်တော်ယာဉ်များ၊  ရုပ်မြင် သံကြား    ထပ်ဆင့်လွှင့်စက်ရုံများ၏ မှတ်တမ်းဓာတ်ပုံများ၊      (၇၅)နှစ် သက်တမ်းရှိ        မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ်တီးဝိုင်း နှင့်  တူရိယာပစ္စည်းများ၊ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းများ၊ ခေတ်အဆက်ဆက်     အသုံးပြုခဲ့သည့် ဓာတ်ပြားစက်များနှင့်        ဆက်စပ် ပစ္စည်းများ၊   မဟာဂီတနှင့် တေးဂီတ ဆိုင်ရာ စာအုပ်စာစောင်များအပါအဝင် ရုပ်မြင်သံကြားထုတ်လွှင့်မှုနှင့်သက်ဆိုင် သည့် အခြားစက်ပစ္စည်း ကိရိယာပြခန်း များအား   လှည့်လည်ကြည့်ရှုကြပြီး စိန်ရတုပြတိုက် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည်။


တက်ရောက်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  သည်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အအုံ    Auditorium ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV News Channel နှင့် MRTV DTH စနစ်          ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက  “MRTV နှင့် ကောင်း သောနေ့”  တေးသီချင်းဖြင့်  သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    တစ်နှစ်တာ ဆောင်ရွက်မှုမှတ်တမ်း     ဗီဒီယိုကို ပြသ သည်။


လွတ်လပ်ရေးနှင့်အတူ တည်ရှိလာ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်    မြန်မာ့ အသံသည် လွတ်လပ်ရေးနှင့်အတူ တည်ရှိ လာသောဌာနတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး ကို  အသိပညာနှင့်  ဗဟုသုတဖြန့်ဖြူး ပေးသော ဌာနကြီးဖြစ်ကြောင်း၊    ယခု အခါ   စိန်ရတုကာလကျော်လွန်လာပြီ ဖြစ်ကြောင်း၊ ယခင်နှစ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ရောက်ရှိစဉ် စိန်ရတု ပြတိုက်   တည်ဆောက်ရေး     စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတစ်နှစ်ပြည့် မြောက်သည့်နေ့တွင် အဆောက်အအုံကို ဖွင့်လှစ်နိုင်သဖြင့်   ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ဦးစွာပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော် အစိုးရတာဝန်အရပ်ရပ်ကို     ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ     ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ   စတင်ပြီး တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများ ဖြစ်သည့်       ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊     စီးပွားရေး၊    လူမှုရေး ဦးတည်ချက်(၉)ရပ်ကို            ချမှတ်ပြီးနိုင်ငံတော်     တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   တိုင်းရင်းသား ပြည်သူများ၏   လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းစေဖို့နှင့် ရည်မှန်းချက် တာဝန်များ   ပိုမိုအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်     အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့  ကြိုးပမ်း လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း။


 ဝိုင်းဝန်းထူထောင်ဆောင်ရွက်


တပ်မတော်      အနေဖြင့်လည်း နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်း သော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် တစ်ခုဖြစ်အောင်     ဝိုင်းဝန်းထူထောင် ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့်        ထာဝရ ငြိမ်းချမ်းရေးအတွက်        ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင်    ပြည်ပ    ပယောဂအနှောင့် အယှက်များ         ကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို  တရား ဥပဒေဘောင်အတွင်းက      အေးချမ်း တည်ငြိမ်စွာ   ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြရန်  လိုအပ်သကဲ့သို့  ဆူပူအုံကြွမှု များ ဖန်တီးပြီး    အကြမ်းဖက်လမ်းစဉ် များဖြင့် တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင် နေမှုများကို ပြည်သူအားလုံးက အမှန်ကို အမှန်အတိုင်း၊   အရှိကို   အရှိအတိုင်း နားလည်     သဘောပေါက်ကြရန်နှင့် ဝိုင်းဝန်း   ဆန့်ကျင်   ဟန့်တားပေးကြရန်  လိုအပ်မည်ဖြစ်ပါကြောင်း။



မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများ အတွက်    ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များ ရရှိစေရန် နှင့် လူငယ်လူရွယ်များအားလုံး ပညာရေး လမ်းကြောင်းပေါ်တွင်     ကောင်းမွန်စွာ ရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ် လူငယ် များဖြစ်အောင်   ပံ့ပိုးပေးမှု၊   စေ့ဆော် တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှုတို့ဖြင့် လုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း။


ထို့ပြင် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊  ကောလာဟလများ ထုတ်လွှင့်ပြီး  တိုင်းပြည် မငြိမ်မသက် ဖြစ်စေရန်၊  ဆူပူအုံကြွစေရန်  သွေးထိုး လှုံ့ဆော်ထုတ်လွှင့်မှုများ  မပြုလုပ်ကြရန် ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရမည်ဖြစ်ပြီး   မှန်ကန်သည့်   သတင်းအချက် အလက်များကို        ပြည်သူလူထုထံ ရောက်အောင်  ထုတ်လွှင့်ဖော်ပြပေးနိုင်ရန် လိုအပ်ပါကြောင်း။
နိုင်ငံပိုင်မီဒီယာဖြစ်သည့်    MRTV အနေဖြင့်  ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်   ပြည်သူအကျိုးအတွက်   ဦးထိပ် ထားကာ     စီစဉ်ဆောင်ရွက်ရန်    လိုအပ် သကဲ့သို့    နိုင်ငံတော်နှင့်    နိုင်ငံသား များအကျိုးကို မီဒီယာနည်းလမ်းများဖြင့် အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်း။
စနစ်တကျခင်းကျင်းပြသ
MRTV အနေဖြင့်  ဖြတ်သန်းခဲ့သည့် (၇၅)နှစ်တာ ကာလအတွင်း    တိုင်းကျိုး ပြည်ပြုလုပ်ငန်းများတွင်          ပါဝင် ဆောင်ရွက်ခဲ့မှု   သမိုင်းမှတ်တမ်းများ၊ ထုတ်လုပ်တင်ဆက်ခဲ့မှုများ၊   အသုံးပြု ခဲ့ကြသည့် အသုံးအဆောင်နှင့်    ယာဉ်၊ စက်ပစ္စည်းကိရိယာများကို    မပျောက် ပျက်အောင်  ပြုပြင်ထိန်းသိမ်းပြီး စနစ် တကျ   ခင်းကျင်းပြသပေးရန်  လိုအပ် သကဲ့သို့ ပစ္စည်းကိရိယာများ ရိုသေစွာ ကိုင်တွယ်အသုံးပြုတတ်ရန်၊ တန်ဖိုးထား စုဆောင်းထိန်းသိမ်းတတ်သည့်   အလေ့ အကျင့်ကောင်းများ      ရရှိစေရန် ရည်ရွယ်ချက်ကောင်းများဖြင့်   MRTV စိန်ရတုပြတိုက်ငယ်ကို  ယခင်က ပင်မ အဆောက်အအုံအတွင်း   သီးခြားအခန်း တစ်ခုတွင်      စတင်ဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပါကြောင်း။


မိမိတို့တာဝန်ယူပြီးစအချိန်၌ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားကို  လာရောက် ကြည့်ရှုစစ်ဆေးချိန်တွင် ခေတ်အဆက် ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   ထည်ဝါခံ့ညားသည့် ဂုဏ်ဒြပ်နှင့်အညီ     MRTV    စိန်ရတု ပြတိုက်ကို   ပင်မအဆောက်အအုံရှေ့တွင် သီးခြားတည်ဆောက်နိုင်ရန်        စီမံ ဆောင်ရွက်ပေးခဲ့ခြင်း    ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း    စနစ် တကျဖြင့်   ခင်းကျင်းပြသရန်အတွက် လည်း အသေးစိတ်စီစဉ်ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်သဖြင့် ယနေ့တွင် MRTV စိန်ရတု ပြတိုက်ကို   အောင်မြင်စွာ  ဖွင့်လှစ်နိုင်ခဲ့ ပြီဖြစ်ပါကြောင်း။ 


ခင်းကျင်းပြသထား


ယခုအခါ MRTV စိန်ရတုပြတိုက်တွင် ပုံစံငယ်များ၊    ရိုက်ကူးရေးယာဉ်များ ထိန်းသိမ်းထားရှိမှုများ၊  စက်ပစ္စည်းနှင့် အသုံးအဆောင်များ၊    ဓာတ်ပြားနှင့် တိပ်ကြိုးခွေများ၊ တူရိယာပစ္စည်းများကို ကဏ္ဍအလိုက်    လေ့လာနိုင်အောင် ခင်းကျင်းပြသထားခြင်း ဖြစ်ပါကြောင်း။


ထို့အပြင်      သတင်းဖတ်ကြား ထုတ်လွှင့်သည့်အခန်းများ၊    Virtual Studio အသုံးပြု    ရိုက်ကူးမှုများကို လေ့လာနိုင်မည်   ဖြစ်သလို  MRTV မှာ ခေတ်အဆက်ဆက်က     အသုံးပြုခဲ့ကြ သည့်     ပစ္စည်းကိရိယာများကို    တစု  တစည်းတည်း တွေ့မြင်နိုင်စေရန် ခင်းကျင်း ပြသပေးထားခြင်းဖြစ်သဖြင့်   တန်ဖိုး မဖြတ်နိုင်သည့်     အသိပညာဗဟုသုတ များနှင့်      အတွေးအမြင်များ ရရှိနိုင်မည် ဖြစ်ပါကြောင်း။


MRTV စိန်ရတုပြတိုက် ဖွင့်လှစ်မှုနှင့် တစ်ဆက်တည်း MRTV News Channel ကို စမ်းသပ်ထုတ်လွှင့်မှုမှ ပုံမှန်ထုတ်လွှင့် သွားရန်အတွက်  MRTV DTH စနစ်ကို လည်း လွှမ်းခြုံထုတ်လွှင့်နိုင်ရန်  စတင် ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊    ယနေ့ စတင်ဖွင့်လှစ်မည့် MRTV News Channel  သည်    တချို့ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံကို အန္တရာယ်ရှိစေမည့် သတင်းအတု၊ အယောင်၊  သတင်းမှားများ၊ ကောလာ ဟလများနှင့် တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုး လှုံ့ဆော် လုပ်ကြံဖန်တီးလာမှုများအပေါ် သတင်းမှန်များ  လျင်မြန်စွာ  ထုတ်ပြန် ခြင်းဖြင့်  ပြည်သူများ  သတင်းမှန်  သိရှိ ပိုင်ခွင့်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊    MRTV News Channel သည် နိုင်ငံတကာသတင်းများကို လျင်မြန်စွာ ဘာသာပြန်ဆို   တင်ဆက် ပေးခြင်းဖြင့်  ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက် နေသည့်၊  သိသင့်သိထိုက်သည့်  သတင်း များကို  ပြည်သူများ  လျင်မြန်စွာ  သိရှိ ခွင့်ရရှိပြီး ဗဟုသုတများစွာ ရရှိနိုင်မည် ဖြစ်ပါကြောင်း။
ထို့အပြင် ယနေ့စတင်ဖွင့်လှစ်မည့် MRTV DTH  စနစ်သည်လည်း  မြန်မာ တစ်နိုင်ငံလုံးကို လွှမ်းခြုံထုတ်လွှင့်နိုင်မည် ဖြစ်ပါကြောင်း၊ MRTV အနေဖြင့် ၁၉၈၀ ပြည့်နှစ်က  Analogue  စနစ်ဖြင့်   စတင် ထုတ်လွှင့်ခဲ့ရာမှ  ၂၀၁၃ ခုနှစ်မှာ Digital (DVB-T2) စနစ်ဖြင့် တိုးချဲ့ထုတ်လွှင့်နိုင်ခဲ့ သလို ယခုအခါမှာ Digital (DTH) စနစ် ဖြင့် ထပ်မံတိုးမြှင့်ထုတ်လွှင့်နိုင်ခြင်းပင် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှု များကြောင့်  နိုင်ငံပိုင်  ရုပ်သံထုတ်လွှင့်မှု သည်   Digitalization    ဖြစ်သည့် ဒစ်ဂျစ်တယ်စနစ်     ပြောင်းလဲမှုတွင် ခေတ်နှင့်အညီ  လိုက်ပါနိုင်ခြင်း  ဖြစ်သကဲ့ သို့ နိုင်ငံအတွင်းမှာ တရားမဝင် စလောင်း များ     ပပျောက်ရေးအတွက်လည်း အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။


အဓိကဒေါက်တိုင်တစ်ခုဖြစ်


ထို့ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသည် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊    ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ၏မီဒီယာကဏ္ဍတွင် အဓိကဒေါက်တိုင်ကြီးတစ်ခု  ဖြစ်သကဲ့သို့       အနာဂတ်နိုင်ငံတော်ကြီး    အေးချမ်း သာယာ    ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အနာဂတ်ကို   ဦးဆောင်မည့် မျိုးဆက်သစ် လူငယ်များကို မှန်ကန်သည့် အသိအမြင်၊   အတွေးအခေါ်  ရရှိစေရန် ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက်    ပဓာနကျသည့်    မီဒီယာကြီးလည်း       ဖြစ်ပါကြောင်း၊  ထို့အပြင်        နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်      ပြည်သူများအကြား ခိုင်မာသည့်  ပေါင်းကူးတံတားသဖွယ် ဖြစ်အောင်လည်း တတ်စွမ်းသရွေ့ ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။


ယနေ့အချိန်ကာလသည် ပြည်သူ တစ်ရပ်လုံး    လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့်     ဖက်ဒရယ်စနစ်ကို အခြေခံသည့်        ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက်   တစ်နိုင်ငံ လုံး ထာဝရငြိမ်းချမ်းရေး‌   ဖော်ဆောင် နေချိန်ဖြစ်သလို      နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းသည့်နိုင်ငံ၊ သာယာဝပြောသည့် နိုင်ငံ၊    နိုင်ငံတော်ကြီး  ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် 


လူမှုစီးပွား    ဖွံ့ဖြိုးတိုးတက်စေမည့်    ကဏ္ဍအားလုံးကို  ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့   ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊      ထို့ကြောင့်   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း            ဝိုင်းဝန်း   ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့်     မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း     နိုင်ငံအကျိုး၊  နိုင်ငံသားများအကျိုးကို     စိတ်ကောင်းစေတနာအပြည့်၊     ဇွဲလုံ့လ အပြည့်ဖြင့်   အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ပိုမိုသယ်ပိုးစွမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  တာဝန် ထမ်းဆောင်ခဲ့သည့်   တစ်နှစ် မြောက်  နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်အဖြစ် MRTV News Channel နှင့် MRTV DTH စနစ်တို့ကို    စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်ထံ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က MRTV DTH Receiver နှင့် နှစ်ပေစလောင်း တစ်စုံအား ဂါရဝပြုပေးအပ်ပြီး အနုပညာ ရှင်များနှင့် ဝန်ထမ်းများက  တေးသီချင်း များဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည်     ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများအား ဂုဏ်ပြု ပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။  အခမ်း အနားအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား  လက်ဖက် ရည်ဝိုင်းဖြင့်   တည်ခင်းဧည့်ခံခဲ့ကြပြီး   အတူတကွ သုံးဆောင်ခဲ့ကြသည်။


မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား    စိန်ရတုပြတိုက်ကို        နေပြည်တော် (တပ်ကုန်း) ရှိ  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား၏ ပင်မအဆောက်အအုံအတွင်း သီးခြားအခန်းတစ်ခုအဖြစ်     စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်   ဖေဖော်ဝါရီ ၁၅ ရက်တွင်   မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ (၇၅)နှစ်မြောက်  စိန်ရတု နှစ်ပတ်လည်နေ့တွင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က   ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ့ အသံနှင့်     ရုပ်မြင်သံကြား   စိန်ရတု ပြတိုက်ကို  ခေတ်အဆက်ဆက် ဖြတ်သန်း ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဂုဏ်ဒြပ်နှင့်အညီ   ထည်ဝါခံ့ညားစွာ    ခင်းကျင်းပြသနိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်နှင့်အညီ    ပင်မအဆောက်အအုံ၏  ရှေ့လက်ရှိနေရာ တွင်       နှစ်ထပ်အဆောက်အအုံကို ဆောက်လုပ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ခေတ်အဆက်ဆက် အသုံးပြုခဲ့ သည့် အဆောက်အအုံများ၊ ရုပ်သံထုတ်လွှင့် မှုစက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များနှင့်     အခြားအသုံး အဆောင်ပစ္စည်းများ ပြခန်း စုစုပေါင်း ၄၀ အား         ခင်းကျင်းပြသထားကြောင်း သိရသည်။                            သတင်းစဉ်