တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ  ၂၈  ရက်တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊  လေဆိပ်   (ကုန်လှောင်ရုံ) အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ  ဖွင့်ဖောက်စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ CMP ပစ္စည်းများနှင့် ရောနှောသယ်ဆောင်လာသော ID တွင် ကြေညာထားခြင်းမရှိသည့်  ကားတာယာအပါအဝင်  လူသုံးကုန်ပစ္စည်းမျိုးစုံ  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၉,၀၇၀,၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၃၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ  သတင်းအရ စစ်ဆေးရာတွင် မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာအနီးမှ ခွင့်ပြုချက်တစ်စုံတစ်ရာပါရှိခြင်းမရှိဘဲ ဖြတ်သန်းလာသော မော်တော် ယာဉ် ၁၀ စီးနှင့် Back Hole ယန္တရား တစ်စီးကို စစ်ဆေးတွေ့ရှိပြီး မော်တော်ယာဉ်များပေါ်တွင် ပါရှိလာသော လူသုံးကုန် အိမ်သုံးပစ္စည်း များအား  ထိန်းသိမ်းထားရှိပြီး    စိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် တရားမဝင် တင်ဆောင်လာသည့် စက်သုံးဆီ ဂါလန် ၄၇၄၃၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၆,၇၄၂,၀၀၀)  ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ  ဇန်နဝါရီ  ၃၁  ရက်တွင်   မွန်ပြည်နယ်   မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ  ယာဉ်ပေါ်တွင်  ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကြမ်းစီးဖိနပ်များနှင့် ကားတာယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး)   စုပေါင်းစစ်ဆေးရေးစခန်း၌   ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၃၂ လက်မ တီဗွီ ၁၅ လုံးနှင့် အဝတ်လျှော်စက် ငါးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူပင်       ပဲခူးတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများ အတွင်း  တရားမဝင်  သစ်မျိုးစုံ  (၃၆ ဒသမ ၃၁၀၈) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၁၉၁,၉၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍    စစ်ကိုင်းတိုင်းဒေသကြီး     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်       မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  (လိုင်စင်မဲ့) NISSAN DISEL LIGHT TRUCK ၁၀ ဘီး မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၈ ရက်၊  ၃၀  ရက်၊  ၃၁  ရက်နှင့်   ဖေဖော်ဝါရီ  ၁ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၉,၂၅၃,၉၅၀)   ဖြစ်ကြောင်း   တရားမဝင်   ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။              သတင်းစဉ်