
နေပြည်တော် ဖေဖော်ဝါရီ ၁
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ကျင်းပ သည်။
ထောက်ခံပွဲများပြုလုပ်
ထိုသို့ ကျင်းပရာ နေပြည်တော်
ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့နယ်နှင့် တန့်ယန်းမြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ လည်း ကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်နှင့် ကရင်ပြည် နယ် ဘားအံမြို့၊ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့၌ လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ်၊ ဒဂုံမြို့နယ်နှင့် စမ်းချောင်း မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ လည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်နှင့် ချင်းပြည် နယ် ပလက်ဝမြို့တို့၌လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ နှင့် ချင်းပြည်နယ် ဟားခါး မြို့တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌ လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီး မြို့တို့၌လည်းကောင်း ထောက်ခံ ပွဲများ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်
ထိုသို့ ဆန္ဒဖော်ထုတ်ရာ တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါ သည်၊ NUG ၊ CRPH၊ PDF အကြမ်းဖက်သမား အလိုမရှိ၊ NUG၊ CRPH၊ PDF အကြမ်းဖက် လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုး များအား ဆန့်ကျင်ကြ၊ မြန်မာ့ ပြည်တွင်းရေး ပြည်ပစွက်ဖက်မှု အလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလုပ်ငန်းစဉ် (၅) ရပ် အား ထောက်ခံပါသည်၊ ပြည်ဖျက် သည့် CRPH ၊ NUG လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG ၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG ၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG ၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်’’၊ အကြမ်းဖက်လူသတ် သမား PDF အဖွဲ့များ အမြန်ဆုံး ကျဆုံးပါစေ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်